လူမှုကွန်ရက်ရဲ့ ထိရောက်တဲ့ ကျယ်ပြန့်မှုနဲ့အတူ Challenge ပေါင်းများစွာကို တွေ့မြင်လာခဲ့ကြရပြီးဖြစ်ပါတယ်။ အချိန်နဲ့အမျှ တနေ့ထက် တနေ့ လူဦးရေထူထပ်လာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ မြို့ကြီးပြကြီးတွေမှာ အမှိုက်တွေဟာ တစထက်တစ တိုးပွားလာတာပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ Challenge တခုထက်ပိုတဲ့ လူသားအားလုံး နေထိုင်ရာ ကမ္ဘာမြေကြီးကိုလည်း အထောက်အကူပြုနိုင်မယ့် အစိတ်အပိုင်းတခုဆိုလည်း မှားနိုင်မယ်မထင်ပါဘူး။
တနှစ်မှာ ၁ဒသမ၃ ဘီလျံရှိတဲ့ အိမ်သုံးစွန့်ပစ်ပစ္စည်းတွေဟာ ၂၅၈ကနေ ၃၆၈ မီလျံတန် အလေးချိန်ရှိတဲ့ အမှိုက်တွေသာ အမှိုက်ပုံတွေဆီ ရောက်ရှိကြပြီး ကျန်တဲ့ အမှိုက်အများစုကတော့ ပင်လယ်ထဲကို ရောက်ရှိကုန်တာပဲဖြစ်ပါတယ်။ အခု #trashtag Challenge ကတော့ အမှိုက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတခုကို အရင်ဦးဆုံး ဓာတ်ပုံရိုက်ယူပြီး အဲဒီနေရာကို ရှင်းလင်းရေး ပြုလုပ်ပြီးမှ လူမှုကွန်ရက်ပေါ်မှာ Before , After ဓာတ်ပုံအဖြစ် ပြန်လည်မျှဝေတဲ့ Challenge တခုပဲဖြစ်ပါတယ်။
(၁) မိသားစုတစုဟာ နွေရာသီအပန်းဖြေခရီးတခုထွက်ရင်း သူတို့ စတည်းချတဲ့နေရာနဲ့ နီးစပ်တဲ့ ကမ်းခြေတခုမှာ သောင်တင်နေတဲ့ အမှိုက်တွေကို သန့်ရှင်းရေးပြုလုပ်ပြီး #trashtag Challenge အနေနဲ့ ဓာတ်ပုံတင်ခဲ့တာပဲဖြစ်ပါတယ်။
(၂) ဒုတိယ ဓာတ်ပုံကတော့ Facebook , Instagram စတဲ့ လူမှုကွန်ရက်တွေမှာ လွန်ခဲ့တဲ့ ရက်တွေထဲက လူသိများခဲ့တဲ့ #trashtag Challenge ပဲဖြစ်ပြီး နီပေါနိုင်ငံသားတဦးလည်းဖြစ်ပါတယ်။
(၃) ဖော်ပြပါဓာတ်ပုံကတော့ ဗီယက်နမ်လူငယ်တွေ စုစည်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ တနိုင်ငံလုံးရဲ့ ပြည်သူလူထုတွေလည်း လိုက်ပါလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။
(၄) မနီလာကမ်းခြေဟာ ကမ္ဘာတဝှမ်းမှာ သန့်ရှင်းမှု အနည်းပါးဆုံး ကမ်းခြေတခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး အခု ဓာတ်ပုံကတော့ ဇန်နဝါရီ ၂၇ရက်နေ့ ၂၀၁၉ခုနှစ်မှာ စတင်ကာ နိုင်ငံရဲ့ လုပ်အားပေး ထောင်ပေါင်းများစွာနဲ့ ကမ်းခြေသန့်ရှင်းရေးကို လုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။
(၅) အခု ဓာတ်ပုံကတော့ လုပ်အားပေးအယောက် ၅၀၀ရဲ့ အားထုတ်မှုနဲ့ မွန်ဘိုင်းကမ်းခြေမှာ သောင်တင်နေတဲ့ ၅မီလျံ ကီလိုဂရမ် အလေးချိန်ရှိတဲ့ အမှိုက်ပေါင်းများစွာကို ရှင်းထုတ်ပြုလုပ်နိုင်ခဲ့ကြတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။
Ref. www.boredpanda.com