Trend

မာရသွန်ပြေးရင်း တွေ့တဲ့ ခွေးလေးကို မွေးစားခဲ့တဲ့ အမျိုးသမီး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ Khemjira Klongsanan လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၂၆ မိုင်ပြေးရမယ့် မာရသွန်ပွဲကို ယှဉ်ပြိုင်ဖို့ လပေါင်းများစွာ လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ တကယ့်ပွဲနေ့မှာတော့ သူမရဲ့ လုပ်ရပ်တခုကြောင့် ကြည်ရှု့သူအားလုံး ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။

သူမဟာ ပြေးနေရင် ၇ မိုင် ကျော်လာတဲ့အခါ လမ်းဘေးမှာ တခုခုကို လှမ်းပြီး တွေ့လိုက်ရတာကြောင့် ပြေးနေတာကိုရပ်ပြီး သွားကြည့်တဲ့တော့ အဖော်မဲ့နေတဲ့ ခွေးလေးတကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဆက်ပြီး ပြေးလိုက်လို့ ရပေမယ့် ခွေးလေးကို ထားခဲ့ရင် အန္တရာယ်ဖြစ်မှာ ဆိုးတာကြောင့် သူမနဲ့ အတူ ခေါ်ခဲ့လိုက်တာပါ။

ကျန်ရှိနေသေးတဲ့ ၁၆ မိုင်ကို ခွေးချီပြီး ပြေးခဲ့တယ်လို့ သိရပါတယ်။ ပြေးနေတဲ့ အချိန်မှာ သူမကို ကျော်သွားခဲ့တဲ့ သူတွေလက်ထဲ ခွေးလေးကို ထည့်လိုက်ရမှာ စိတ်မချတာကြောင့် သူမကိုယ်တိုင်ပဲ ပန်းဝင်တဲ့ အထိ မ ချီသွားခဲ့ပါတယ်။

သူမကတော့ ခွေးလေးကို ချီပြီး ပြေးရတာဟာ နှစ်ဆပိုပြီး ပင်ပန်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခွေးလေးဟာ ချစ်ဖို့ ကောင်းလွန်းတာကြောင့် မထားခဲ့ရက်ဘူးလို့ ထပ်မံပြောခဲ့ပါသေးတယ်။

ပန်းဝင်ပြီးနောက်ပိုင်းမှာ သူမဟာ ခွေးကလေးမှာ ပိုင်ရှင်ရှိနေမှာ စိုးရိမ်တဲ့ အတွက် ပိုင်ရှင်ကို ရှာဖွေခဲ့ပါသေးတယ်။ ဒါပေမယ့် ပိုင်ရှင်မရှိဘူး ဆိုတာ သေချာတဲ့ အခါမှာ ခွေးကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

သူမဟာ ခွေးအရမ်းချစ်တတ်သူဖြစ်ပြီး ခွေးနှစ်ကောင်ကို မွေးထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ သူမက “ကျမသူ့ကို ဆေးတွေ အများကြီး ကုပေးခဲ့ရတယ်။ အခုတော့ မိသားစုဝင်တဦး ထပ်တိုးတဲ့အတွက် အရမ်း ပျော်ပါတယ်။ ခွေးလေးကလည်း ကျမတို့နဲ့ နေရတာ ပျော်မယ်လို့ ထင်ပါတယ် ” လို့ ဆိုပါတယ်။

Ref; brightside

Did you find apk for android? You can find new Free Android Games and apps.
Loading