ပလတ်စတစ်ပစ္စည်းတွေဟာ ဖျက်စီးရခက်ပါတယ်။ အမှိုက်အဖြစ်နဲ့ စွန့်ပစ်လိုက်ရင်လည်း ကမ္ဘာမြေကို ညစ်ညမ်းစေတာအပြင် မပိုပါဘူး။ ဒါကြောင့် သောက်ပြီးသား ဖျော်ရည်ဘူးတွေနဲ့ ရေသန့်ဘူးတွေကို ဘယ်လိုပြန်ပြီး အသုံးပြုလို့ ရတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အပင်ရေလောင်းခြင်း
သင်ခရီးသွားနေချိန်တွေမှာ သင့်ရဲ့ အပင်တွေကို ရေလောင်းပေးမယ့်သူမရှိမှာ စိတ်မပူပါနဲ။ ရေသန့်ဘူးအဟောင်းတခုကို အပေါက်တွေဖောက်ပြီး ပန်းအိုးထဲ မြုပ်ထားလိုက်ပါ။ ရေဘူးရဲ့ အဝကို နည်းနည်းဖော်ပြီး ရေပြန်ဖြည့်နိုင်ပါတယ်။ သစ်ပင်ရဲ့ အမြစ်တွေကို ဖောက်ထားတဲံ အပေါက်တွေကတဆင့် ရေဝင်သွားပါလိမ့်မယ်။
(၂) ပန်းအိုးပြုလုပ်ခြင်း
နွားနို့ဘူး၊ ရေသန့်ဘူးနဲ့ ဖျော်ရည်ဘူးတွေကို ဖောက်ပြီး အပင်စိုက်ဖို့ ပန်းအိုးပြုလုပ်လို့ ရပါသေးတယ်။ အပင်ထည့်လို့ရမယ့် အနေတော် အပေါက်ပြုလုပ်ပြီး ရေဘူးရဲ့ အပေါ်ကနေ ရေလောင်းလို့ ရပါတယ်။ အိမ်မှာပိုနေတဲ့ ဘူးခွံတွေကို အပင်ထည့်စိုက်ပြီး အလှဆင်ကြည့်ပါ။ ဒီလို ပန်းအိုးပြုလုပ်တာတွေကို ပလတ်စတစ်အိတ်အကြီးတွေနဲ့လည်း ပြုလုပ်နိုင်ပါတယ်။
(၃) ခဲတံဘူး
ဘူးခွံအဟောင်းတွေကို တဝက်ဖြတ်လိုက်ပါ။ ဘူးနှစ်ဘူးရဲ့ ဖြတ်ထားတဲ့ အပိုင်းတွေကို ဇစ်နဲ့ဆက်ပြီး ခဲတံဘူး စတဲ့ ပစ္စည်းထည့်တဲ့ ဘူးတွေ ပြုလုပ်လို့ ရပါတယ်။ ပလတ်စတစ်ဖြစ်တဲ့ အတွက် မတော်တဆ မိုးမိခဲ့တယ်ဆိုရင်တောင် ရေစိုတော့မှာ မဟုတ်ပါဘူး။