Sashimi လို့ခေါ်တဲ့ ဂျပန်ရိုးရာ အစားအစာကတော့ နူးညံ့ပျော့ပျောင်း လတ်ဆတ်လှတဲ့ ငါးအစိမ်း ဒါမှမဟုတ် အသားစိမ်း ခပ်ပါးပါးလှီး စားသုံးခြင်းပဲဖြစ်ပြီး ငါးစားရတာကို ကြိုက်နှစ်သက်သူတွေအတွက် အထူးနှစ်ခြိုက်စေမယ့် အစားအစာ တမျိုးလို့လည်း ပြောလို့ရပါတယ်။
ယနေ့ခေတ်မှာတော့ ဂျပန်နိုင်ငံမှာသာ မကဘဲ ကမ္ဘာအနှံ့အပြားမှာပါ Sashimi စားသုံးခြင်း အလေ့အထဟာ ကျယ်ပြန့်လာခဲ့ပြီး နူးညံ့တဲ့ အသားလွှာကို စားသုံးရုံ သက်သက်တင် မဟုတ်ဘဲ အနုပညာ ဖန်တီးပြုလုပ်မှုတွေထဲက နောက်ထပ် ပုံစံတခုအဖြစ်ပါ ကျော်ကြားလာနေခဲ့ပါပြီ။
ဟင်းလျာချက်ပြုတ်ခြင်းမှာ ကျွမ်းကျင်တဲ့ စားဖိုမှူးတဦးဟာ အနုပညာ ဒါမှမဟုတ် ဒီဇိုင်းနဲ့ပတ်သက်တဲ့ အလုပ်တွေကို တခါမှမလုပ်ကိုင်ခဲ့ဖူးပေမယ့် သူ့မှာ အစားအစာတွေကို စားသုံးဖို့ သက်သက် မဟုတ်ဘဲ လှပနေစေဖို့အတွက်ပါ ဖန်တီးပြင်ဆင်ခြင်းကို ချစ်မြတ်နိုးတတ်တဲ့ သားတယောက် ပိုင်ဆိုင်ထားပါတယ်။
ဒီလိုနဲ့ စားဖိုမှူးဟာ လွန်ခဲ့တဲ့နှစ် နွေရာသီကတည်းက ငါးတွေကို အသေးစိတ် လေ့လာ ကိုယ်တွယ် လေ့ကျင့်ခဲ့ပြီး Sashimi အတွက် ဘယ်လိုလှီးဖြတ်ရမလဲဆိုတာကိုပါ သားဖြစ်သူကို သင်ကြားပေးနိုင်ခဲ့တဲ့အပြင် သူကိုယ်တိုင်အတွက်လည်း စိတ်သာယာကြည်နူးဖွယ် ပညာတခုဖြစ်တဲ့ ငါးအသားလွှာမျိုးစုံ အသုံးပြုပြီး အရုပ်အမျိုးမျိုးပြုလုပ်ခြင်းကို ဖန်တီးပြုလုပ်နိုင်ခဲ့ပါတယ်။
Mikyou ဟာဆိုရင် ခက်ခဲတဲ့ နည်းပညာတွေကို Youtube နဲ့ အင်တာနက်ရဲ့အခြားသော နေရာတွေကနေ တဆင့် သင်ယူနိုင်ခဲ့တာဖြစ်ပြီး Instagram မှာရှိတဲ့ ကျော်ကြားတဲ့ စားဖိုမှူးကြီးတွေကို Follow လုပ်ရင်း သူတို့ထုတ်တဲ့ ဟင်းပွဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကနေတဆင့် သင်ယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ အချိန်တော်တော်များများဟာ ငါးတွေကို အသုံးပြုပြီး ခက်ခဲတဲ့ ပုံသဏ္ဍာန်တွေ လုပ်ဆောင်ဖို့ အသုံးချခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ တနေ့ထက် တနေ့ တိုးတက်လာခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ Sashimi လုပ်ဖို့အတွက် သူ့ရဲ့ လျှို့ဝှက်ချက်ကတော့ ငါးမျိုးစုံနဲ့ အခြားသင့်လျော်တဲ့ ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီး လက်ရှိဘဝနဲ့ ကိုက်ညီအောင် ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုဖန်တီးပြုလုပ်ဖို့အတွက် စိတ်တည်ငြိမ်ဖို့ အထူးလိုအပ်သလို အချိန်ပြည့် အသေးစိတ်ကအစ ဂရုစိုက်နေရတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ Sashimi တိုင်းဟာ နှစ်လိုဖွယ်ကောင်းနေခဲ့တာကို တွေ့မြင်ရမှာပါ။
ငါးအသားလွှာတွေကို အသုံးပြုပြီး သူဖန်တီးခဲ့တဲ့ Sashimi တွေကတော့ လေထဲ ပုခက်လွှဲနေတဲ့ အမျိုးသမီးငယ်ပုံ ၊ မင်္ဂလာဦးညချမ်းမှာ တယောက်ကို တယောက် အနမ်းခြွေနေတဲ့ သတို့သားနဲ့ သတို့သမီးပုံ ၊ ရေသူမလေးတွေ ဆော့ကစားနေပုံနဲ့ အခြား ချစ်စဖွယ်ပုံလေးတွေပဲ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ သူ့ရဲ့ Instagram အကောင့် (mikyoui00) မှာ Follower ၂ သိန်း ၇ သောင်းကျော်ခဲ့ပြီဖြစ်ပြီး တော်တော်များများကလည်း သူ့ရဲ့ လက်ရာတွေကို ကြိုက်နှစ်သက်သူတွေ ဖြစ်ကြပါတယ်။
Ref : www.boredpand.com