New York City Half Marathon ပြိုင်ပွဲကို ဝင်ရောက်ပြေးပြီး ပန်းဝင်ခဲ့တဲ့ အသက် ၄၈နှစ်အရွယ် အမျိုးသားဟာ သမိုင်းတလျှောက် မာရသွန်ပြေးပွဲမှာ ပထမဆုံးအကြိမ် ပန်းဝင်ခဲ့တဲ့ မျက်မမြင်အဖြစ် စာရင်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ Thomas Panek လို့ အမည်ရတဲ့ အမျိုးသားဟာ လမ်းပြခွေးလေး သုံးကောင်ကို အလှည့်ကျကိုင်ပြီး ပြေးခဲ့တာလည်း ဖြစ်ပါတယ်။
Westley, Waffle, နဲ့ Gus လို့ အမည်ရတဲ့ ခွေးလေး ၃ ကောင်ဟာ ခြေစွပ်တွေ ဝတ်ပြီး လမ်းပြခဲ့ကြတာဖြစ်ပါတယ်။ မျက်မမြင်များကို လမ်းပြရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိဖြစ်တဲ့ Thomas Panek ဟာ ခွေးလေးတွေရဲ့ လမ်းပြမှုနဲ့ ၁၃ မိုင် ပြေးပြီး ပန်းဝင်ခဲ့ပါတယ်။
ခွေး တကောင်စီဟာ ၃မိုင်ကနေ ၅မိုင်အထိပြေးကြပြီး ခွေးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးဖို့ တိရိစ္ဆာန်ဆရာဝင်တွေလည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်းတွေကလည်း ခွေးလေးတွေ ရေဓာတ်လုံလောက်မှု၊ ကျန်းမာရေးနဲ့ လုံခြုံရေးကို လိုက်လံစစ်ဆေးပေးခဲ့ပါသေးတယ်။
ခွေးသုံးကောင်ထဲမှာ Gus ဟာ အသက် ၈ နှစ်ရှိပြီ ဖြစ်ပြီး Thomas Panek ရဲ့ လမ်းပြခွေးအဖြစ် ရှိနေတာ အချိန်ကြာမြင့် စွာ ရှိခဲ့တဲ့ ခွေးလည်း ဖြစ်ပါတယ်။ သူဟာ အဲဒီခွေးကလေးနဲက အတူတူ ပန်းဝင်ခဲ့ပြီး ဒီလို အတူတူပန်းဝင်ရတဲ့ အတွက် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
Thomas Panek ဟာ သူ့ရဲ့ အမြင်အာရုံကို အသက် ၂၀ ဝန်းကျင်က စတင်ပြီး ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ အရင်က လမ်းပြပေးမယ့် သူနဲ့ ပြေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တဖက်သားကို မှီခိုလွန်းတာမျိုး မဖြစ်ချင်တာကြောင့် ခွေးလေးတွေကို အပြေးလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။
သူ ကိုယ်တိုင် အမှုဆောင်အရာရှိချုပ်ပြုလုပ်နေတဲ့ မျက်မမြင်များကို လမ်းပြရေး အဖွဲ့မှာ ခွေးလေးတွေကို ၂၀၁၅ ခုနှစ်ကတည်းက လေ့ကျင့်ပေးနေတာဖြစ်ပြီး အခုဆိုရင် ခွေး ၂၄ ကောင် ကို အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref ; theinsider