Trend

စမတ်ဖုန်းကို စမတ်ကျကျ သုံးချင်သူတွေ သိထားသင့်တဲ့ အချက်များ

Want create site? Find Free WordPress Themes and plugins.

ယနေ့ခေတ်မှာ လူတိုင်းရဲ့ လက်က မချဘဲ ကိုင်တာကတော့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ဖုန်းတွေမှာလည်း လျှို့ဝှက်ချက်တွေ ရှိနေတတ်ပါတယ်။ လူငယ်တွေကတော့ လေ့လာရင်း သိနိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေအနေနဲ့ မသိနိုင်တာ လေးတွေ ရှိနေတတ်လို့ စမတ်ဖုန်းကို စမတ်ကျကျ သုံးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဖုန်းအားသွင်းခြင်း

ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကို မသုံးသင့်ပါဘူး။ ဖုန်းပေါက်ကွဲတတ်တယ်လို့ ပြောနေကြပေမယ့် တကယ်တာ့ အဲဒီလို ပေါက်ကွဲတာမျိုး မဟုတ်ပါဘူး။ ဖုန်းအားကလည်း ပုံမှန်အတိုင်းပဲ ဝင်နေမှာပါ။ ဒါပေမဲ့ ဖုန်းအားသွင်းနေတဲ့ အချိန်မှာ ဖုန်းသုံးရင် Battery ကို မြန်မြန်ပျက်စေပါတယ်။ အကောင်းဆုံးကတော့ Airplane Mode လုပ်ပြီး အားသွင်းတာပါပဲ။ အားကို ပိုပြီး မြန်မြန်ဝင်စေပါတယ်။

(၂) ဓာတ်ပုံ ရိုက်ခြင်း

ဖုန်းကင်မရာတွေဟာလည်း အခုဆိုရင် အနေအထား တခုလောက်ထိ ကောင်းတယ်လို့ ဆိုလာနိုင်ပါပြီ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါ အသံ အတိုးအချဲ့ပြုလုပ်တဲ့ ခလုတ်နဲ့လည်း ရိုက်နိုင်ပါတယ်။ ဖုန်းကင်မရာနဲ့ ဗီဒီယိုတွေ ရိုက်တဲ့အခါမှာ မလိုအပ်တဲ့ အသံတွေ ဝင်မလာစေဖို့ စပီကာကို လက်နဲ့ နည်းနည်း အုပ်ထားဖို့ လိုအပ်ပါတယ်။ လက်ချောင်းတွေနဲ့ စပီကာကို ခပ်ဖွဖွ ဖုံးထားရုံပါပဲ။

(၃) အခြား ပြုလုပ်နိုင်တဲ့ အရာများ

ဖုန်းကို အလင်းရောင် အမြင့်ကြီး တင်ပြီး သုံးတာဟာ ဖုန်းအားကို ပိုပြီး ကုန်စေပါတယ်။ ဒါကြောင့် အမည်းရောင် Wallpaper ကို သုံးခြင်းက ဖုန်းအားကုန်တာကို ပိုပြီး သက်သာစေပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဟာ အိမ်သာထက်ပိုပြီး ဘက်တီးရီးယားတွေ များတာကြောင် အမြဲ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

နောက်ပြီး သင့်ရဲ့ ဖုန်းစပီကာက အသံတိုးနေလို့ Alarm တွေ ပေးတဲ့အခါ မကြားတာမျိုး ဖြစ်နေရင် ခပ်ဝိုင်းဝိုင်း ဇလုံတခုထဲ ဖုန်းကို ထည့်ပြီး အသံကျယ်အောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို ဝယ်ပြီးကတည်းက အမြဲ ဖွင့်ထားတာမျိုးက ဖုန်းကို လေးစေပါတယ်။ ဒါကြောင့် အနည်းဆုံး ၃ ပတ် တခါလောက် Restart လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဖုန်းထဲက Applications ကို အနားပေးရာ ကျပါလိမ့်မယ်။

Ref : brightside

Did you find apk for android? You can find new Free Android Games and apps.
Loading