သာမန်လူတွေလိုပဲ ကမ္ဘာကျော်တွေလည်း ကိုယ်အလေးချိန် အရမ်းတက်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပရိသတ်ရှေ့ကို အမြဲထွက်ရသူတွေ ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပြန်လည် ထိန်းသိမ်းတဲ့ အလုပ်ကိုတော့ သာမန်လူတွေထက် ပိုပြီး လုပ်ရပါတယ်။ ဒါကြောင့် ကမ္ဘာကျော်တွေ ပြုလုပ်လေ့ရှိတဲ့ ထူးထူးခြားခြား ဝိတ်ချနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Lady Gaga
မကြာသေးခင်ကမှ အော်စကာဆုကို ရရှိခဲ့တဲ့ အဆိုတော်၊ မင်းသမီး လေဒီဂါဂါရဲ့ ဝိတ်ချနည်းကတော့ ဝီစကီပဲ ဖြစ်ပါတယ်။ ဝီစကီကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုသောက်ပြီး အရက်နာကျတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုပါတယ်။ လူသာမန်တွေ အနေနဲ့တော့ သိပ်အဆင်ပြေနိုင်မယ့် နည်းလမ်း မဖြစ်လောက်ပါဘူး။
(၂) Gwyneth Paltrow
မင်းသမီး Gwyneth Paltrow ကတော့ “ဖျက်သိမ်းရေး နည်းစနစ်”လို့ သူမ နာမည်ပေးထားတဲ့ နည်းလမ်းနဲ့ ဝိတ်ချတယ်လို့ သိရပါတယ်။ သူမဟာ တလမှာ ၂၁ ရက်တိတိ အနီရောင်အသား၊ နို့ထွက်ပစ္စည်းနဲ့ ကစီဓာတ်ပါတဲ့ အစားအသောက်တွေကို မစားဘူးလို့ သိရပါတယ်။ ၂၁ ရက် ပြည့်ရင်တော့ သူမရဲ့ ခန္ဓာကိုယ်က ပြန်လည် သွယ်လျသွားပြီပဲ ဖြစ်ပါတယ်။
(၃) Reese Witherspoon
အချစ်ကားတွေ အရိုက်များတဲ့ မင်းသမီးကြီး Reese Witherspoon ဟာလွန်ခဲ့တဲ့ ၁၇ နှစ်လောက်က သူမ ဝတ်ဆင်ခဲ့တဲ့ အဝတ်တွေကို အခုထိ ဝတ်လို့ ရနေဆဲ ဖြစ်ပါတယ်။ ဒီလို နှစ်တွေ အများကြီး ခန္ဓာကိုယ်ပုံစံ တခုတည်းကို ထိန်းသိမ်းထားနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ သူမဟာ ကလေးတွေကို ကျွေးတဲ့ အာဟာရမုန့်ကိုပဲ စားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
(၄) Natalie Portman
မင်းသမီး Natalie Portman ဟာ Black Swan ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ ပေါင် ၃၀ ခန့်ကို ချခဲ့ရပါတယ်။ ဒီလို ကျသွားဖို့ သူမဟာ ဗာဒံစေ့နဲ့ မုန်လာဥနီ နှစ်မျိူးတည်းကိုသာ စားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနည်းလမ်းဟာ ထိရောက်လွန်းတာကြောင့် သူမဟာ နောက်ပိုင်း ဝိတ်ချတဲ့ အချိန်တွေမှာလည်း ဆက်လက်ပြီး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
(၅) Madonna
အသက်တွေ ကြီးသွားလည်း လှပနေဆဲ ဖြစ်တဲ့ ပေါ့ပ်ဘုရင်မ Madonna ကတော့ ဝံပုလွေတွေရဲ့ နည်းလမ်းကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ဝိတ်ချတော့မယ်ဆိုရင် သူမဟာ ရေနဲ့ အသီးအနှံဖျော်ရည်တွေကိုသာ သောက်ပါတယ်။ အဲဒီလို သောက်ခြင်းကြောင့် ခန္ဓာကိုယ်ဟာ အသစ်တဖန် ပြန်လည် လတ်ဆတ်လာတယ်ဆိုတဲ့ အယူကို သူမက ယုံကြည်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမဟာ သူမရဲ့ ခန္ဓာကိုယ်ကို ထိန်းထားဖို့ ကျောက်ပွင့်ကိုလည်း စားတယ်လို့ ဆိုပါတယ်။
Ref ; tipandtricks