Trend

မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေဟာ ပိုမိုချစ်တတ်ကြောင်း လေ့လာတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေဟာ မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေကို ပိုပြီး ရွေးချယ်လာကြပါတယ်။ အကြောင်းရင်းကတော့ မုတ်ဆိတ်ထားတဲ့ ယောကျာ်းတွေဟာ ပိုမို ချစ်တတ်တာကြောင့်ပါ။ ချစ်သူအဖြစ် ရွေးချယ်ရုံသာမက အိမ်ထောင်ဖက် အဖြစ်ပါ ရွေးချယ်လိုကြတယ်လို့ သိရပါတယ်။

သြစတေးလျနိုင်ငံ Queensland တက္ကသိုလ်က Dr. Dixston လို့ အမည်ရတဲ့ စိတ်ပညာရှင် ပါမောက္ခတယောက်ဟာ အမျိုးသမီး ၈၅၀၀ ကို ရုပ်ချောတဲ့ အမျိုးသားများရဲ့ ဓာတ်ပုံပြပြီး ရေရှည်လက်တွဲဖို့ ဘယ်သူ့ကို ရွေးမလဲဆိုပြီး သုသေသနပြုလုပ်ခဲ့ပါတယ်။

သုသေသနရဲ့ အဖြေကတော့ အမျိုးသမီးတွေဟာ မုတ်ဆိတ်ထားတဲ့ အမျိုးသားတွေကို ရွေးချယ်ခဲ့ကြပြီး အဲဒီ အမျိုးသားတွေနဲ့ ရေရှည်လက်တွဲသွားချင်တယ်လို့ ပြောခဲ့ကြပါတယ်။

ဘာကြောင့် ဒီလို ရွေးချယ်ခဲ့တာလဲ ဆိုရင် အမျိုးသမီးတွေဟာ Testosterone ဟော်မုန်းများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီ ဟော်မုန်းဟာ အိမ်ထောင်ဖက် ရွေးချယ်တဲ့အခါ သူတို့ကို ကာကွယ်ပေးမယ့် အမျိုးသားကို ရွေးချယ်လိုစိတ်ရှိအောင် ပြုလုပ်ပေးတဲ့ အရာပဲ ဖြစ်ပါတယ်။

သူတို့ကို ကာကွယ်ပေးမယ့် အမျိုးသားဟာ ပခုံးကျယ်ကျယ်၊ လေသံ ညင်ညင်သာသာနဲ့ မျက်နှာမှာ မုတ်ဆိတ်တွေ ရှိတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလို အသွင်အပြင်နဲ့ ပြည့်စုံတဲ့ အမျိုးသားတွေဟာ ဆွဲဆောင်မှုရှိပြီး တာဝန်ယူမှုရှိလိမ့်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း မုတ်ဆိတ်မွှေးထားတဲ့ အမျိုးသားတွေက သူတို့ကို ချဉ်းကပ်လာတယ်ဆိုရင် ယုံကြည်အားကိုးချင်စိတ်တွေ ဖြစ်ပေါ်လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုတ်ဆိတ်မွေးထားတဲ့ အမျိုးသားတွေဟာ သာမန်အမျိုးသားတွေထက် ပိုပြီး ချစ်တတ်တယ်လို့ သိရပါတယ်။ သားသမီးတွေ ရှိလာတဲ့ အခါမှာလည်း ဖခင်ပီသအောင် နေထိုင်တတ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref ; brightside

Did you find apk for android? You can find new Free Android Games and apps.
Loading