Trend

ကမ္ဘာတဝှမ်းက ထင်ရှားတဲ့ နာမည်ကျော် ကလေးမော်ဒယ်များ

ကမ္ဘာတဝှမ်းက နာမည်ကျော် ထင်ရှားနေတဲ့ မော်ဒယ်တွေဟာ ကလေးဘဝမှာတော့ သာမန်လူတွေလိုပဲ မထင်မရှားအဖြစ် ရှိနေကြတာပါ။ အခုဖော်ပြပေးမယ့် သူတွေကတော့ ကလေးဘဝမှာတင်ပဲ နာမည်ကျော်ထင်ရှားနေတဲ့ ကမ္ဘာတဝှမ်းက ကလေးမော်ဒယ်တွေပဲ ဖြစ်ပါတယ်။

(၁) Graylee Mae

အသက် ၃ နှစ်သာရှိသေးတဲ့ အမေရိကန်နိုင်ငံသူလေး Graylee ကတော့ လက်ရှိမှာ ကလေး အဝတ်အစား ကြော်ငြာများစွာကို လက်ခံ ရိုက်ကူးပေးနေပါတယ်။ အမေရိကန် ဘောလုံးကစားသမား Lance Morre ရဲ့ သမီးကြီးဖြစ်ပြီး လူမှုကွန်ရက်မှာလည်း နာမည်ကျော် ထင်ရှားလျက် ရှိပါတယ်။

(၂) Violetta Antonova

အသက် ၄ နှစ် အရွယ်သာ ရှိသေးတဲ့ ရုရှား ကလေးမော်ဒယ်တဦးဖြစ်သူ Violetta ကတော့ လက်ရှိမှာ ဖက်ရှင် ရှိုးပွဲပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး ကလေးအဝတ်အစား ကြော်ငြာတွေလည်း လက်ခံ ရိုက်ကူးနေပါတယ်။ စင်မြင့်ထက်က Spotlight မီးတွေကို ကလေးငယ် တယောက်အနေနဲ့ ကြောက်လန့်တာမျိုး မရှိတဲ့အပြင် သူမရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာဆိုရင်လည်း Follower ပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

(၃) Jare Ijalana

အသက် ၆ နှစ်အရွယ်ရှိတဲ့ Jare ကတော့ နိုင်ဂျီးရီးယား ဓာတ်ပုံဆရာ Mofe Bamuyiwa ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေမှာ ပါဝင်ခဲ့ရာကနေ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အလှအပတွေကြောင့် နာမည်ကြီးလာခဲ့တာပါ။ သူမရဲ့ အစ်မ နှစ်ယောက်ဟာဆိုရင်လည်း ကလေးမော်ဒယ်တွေအဖြစ် နာမည်ကြီးကြသူတွေပဲ ဖြစ်ပါတယ်။

(၄) Cooper Lunde

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံး ကလေးမော်ဒယ်တွေထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ Cooper ဟာတော့ အသက် ၆ နှစ်အရွယ် ရှိနေပါပြီ။ ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးတွေနဲ့ ကြော်ငြာတွေမှာပါ တွေ့မြင်ရမှာဖြစ်တဲ့ Cooper ဟာတော့ Instagram မှာ Follower ပေါင်း ၂ သိန်းခွဲခန့် ရှိပါတယ်။

(၅) Lara and Mara Bawar

အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ဘရာဇီးနိုင်ငံသူ Lara နဲ့ Mara တို့ ညီအစ်မ နှစ်ဦးဟာဆိုရင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးကြောင့် ဆံပင်နဲ့ အသားအရေတွေ ဖြူစွတ်နေတာ ဖြစ်ပါတယ်။ နာမည်ကြီး အဝတ်အစား Brand တွေဖြစ်တဲ့ Nike, Bazaar Kids တို့ရဲ့ပင်တိုင်မော်ဒယ်တွေအဖြစ် ကြော်ငြာ ရိုက်ကူးနေရတာဖြစ်ပြီး သူတို့လိုပဲ မွေးရာပါ Albino ရောဂါ ခံစားနေရသူတွေအတွက် Campaign တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။

Ref : brightside.me

Loading