Trend

ညီမ ရှိတဲ့ အစ်မတွေဟာ ပိုပြီး ဝတတ်ကြောင်း လေ့လာတွေ့ရှိ

မိန်းကလေးတယောက်အတွက် အဖော်အနေနဲ့ မွေးချင်း ညီမ ရှိတာဟာ အတွဲညီညီနဲ့ အရမ်း ပျော်စရာကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ သင့်မှာ ညီမလေးသာ ရှိမယ်ဆိုရင် သူနဲ့ တိုင်ပင်စရာ ကိစ္စတွေ အများကြီးရှိပြီး လျှို့ဝှက်ချက်တွေကိုလည်း မျှဝေလို့ ရပါသေးတယ်။ နောက်တခု ရှိတာကတော့ ညီမလေးတွေကို ပိုင်ဆိုင်ထားတဲ့ အစ်မတွေဟာ ဝဖို့ အခွင့်အလမ်း ပိုများတာပဲ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံမှာ နေထိုင်ပြီး ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ညီအစ်မ ပေါင်း ၁ သောင်း ၃ ထောင်ကျော်ကို သုသေသန ပြုလုပ်တဲ့အခာ အစ်မကြီးတွေဟာ ကိုယ်အလေးချိန် ပိုများလေ့ ရှိပြီး အဝလွန်သူတွေပါ ရှိနေတယ်လို့ သိရပါတယ်။ မိသားစု တစုမှာ အရင်မွေးတဲ့ မိန်းကလေးတွေဟာ နောက်မှ မွေးတဲ့ မိန်းကလေးထက် ကိုယ်အလေးချိန် ပိုများနိုင်ချေ ၂၉ ရာခိုင်နှုန်း ရှိပြီး အဝလွန်နိုင်ချေကတော့ ၄၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

Auckland တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်သူ Wayne Cutfield ကတော့ ဒီလို အဝလွန်ရတာဟာ ကိုယ်ဝန်ဆောင်စဉ်မှာ မိဘတွေ အနေနဲ့ အတွေ့အကြုံ မရှိသေးတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် ယူဆချက်တခုကတော့ သမီးဦးဖြစ်တဲ့အတွက် အစားအသောက်နဲ့ ပတ်သက်တာတွေမှာ စိတ်ပျော်ရွှင်အောင် စားခွင့်ပေးတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နောက်ထပ် တခုကတော့ သမီးဦးမွေးဖွားချိန်မှာ မိဘတွေအနေနဲ့ ပြုလုပ်ခဲ့မိတဲ့ အမှားတွေကို နောက်ထပ် ကလေးထပ်ရတဲ့အခါ ရှောင်ရှားနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက် ဖော်ပြပါ အကြောင်းပြချက်တွေကြောင့် ညီမ ရှိတဲ့ အစ်မတွေဟာ ပိုပြီး ဝနေတာ ဖြစ်ပါတယ်။ အသက်အရွယ် ရလာတဲ့ အခါမှာလည်း ညီမဖြစ်သူက အမြဲ နားလည်ပေးလေ့ ရှိတာကြောင့် အစားအသောက်ကို မဆင်မခြင်ဘဲ စားမိတာကလည်း ဝ လာစေတဲ့ အကြောင်းအရင်းတွေထဲက တခုလို့ ဆိုနိုင်ပါတယ်။

Ref; brighrside

Loading