ဒီတပတ်အစောပိုင်းလောက်တုန်းက ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အများဆုံး မြို့ ကြီးတွေ ရဲ့စာရင်းကို Economist Intelligence Unit (EIU) ကထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ အဲဒီမြို့ ကြီး တွေကတော့ ပဲရစ် ၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ပါ။
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပဲရစ်မြို့ကတော့ ၂၀၀၃ ခုနှစ်ကတည်း ကုန်ကျစရိတ်အများဆုံးမြို့ ကြီး ၁၀ မြို့စာရင်း မှာပါဝင်နေခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။ ဟောင်ကောင်ကလည်း ပြီးခဲ့တဲ့နှစ်တုန်းက ကုန်ကျစရိတတ်အများဆုံးမြို့ ကြီးတွေရဲ့ စာရင်းမှာ နံပါတ် ၄ နေရာကရှိနေခဲ့ပြီး ဒီနှစ်မှာဆိုရင်တော့ နံပါတ် ၁ နေရာကိုရောက်လာခဲ့ပါတယ်။
ဒီအစီရင်ခံစာထဲမှာဆိုရင်တော့ မြို့ ကြီး ၁၃၃ မြို့ ရဲ့ ကုန်ပစ္စည်းပေါင်း ၁၅၀ ရဲ့ ကုန်ကျစရိတ်ဈေးနှုန်းတွေကို စစ်တမ်းကောက်ယူထားချက်တွေကို ဖော်ပြထားပါတယ်။ ကုန်ကျစရိတ်အကြီးဆုံး မြို့ ကြီး ၁၀ မြို့ရဲ့ စာရင်းမှာဆိုရင်တော့ အာရှ နဲ့ ဥရောပနိုင်ငံရဲ့ မြို့ကြီးတွေက နေရာယူထားပါတယ်။ နံပါတ် ၁ နေရာမှာရှိနေကြတဲ့မြို့ ကြီးတွေကတော့ ပဲရစ် ၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ပါပဲ။
ဂျပန်နိုင်ငံရဲ့ အိုဆာကာမြို့ကလည်း ကုန်ကျစရိတ်အများဆုံးမြို့ ကြီးတွေရဲ့စာရင်းမှာ နံပါတ် ၆ နေရာ ယူထားသလို ဆွစ်ဇာလန်နိုင်ငံရဲ့ ဂျီနီဗာမြို့ကလည်း နံပါတ် ၅ နေရာယူထားပါတယ်။
အမေရိကမြောက်ပိုင်းမြို့တော်တွေဖြစ်တဲ့ နယူးယောက်နဲ့ Los Angeles မြို့တွေကလည်း ကုန်ကျစရိတ် အကြီးမြင့်ဆုံးမြို့ကြီး ၁၀ မြို့စာရင်းမှာပါဝင်နေပါတယ်။ Big Apple လို့လူတွေကခေါ် လေ့ရှိတဲ့ နယူးယောက်မြို့ကတော့ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိုပင်ဟေဂင်မြို့နဲ့အတူ သတ္တမ နေရာကို ပူးတွဲယူထားကြပါတယ်။
Los Angeles မြို့ကလည်း နံပါတ် ၁၀နေရာကို အစ္စရေးနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ တဲလ်အဗစ်မြို့တော်နဲ့ ပူးတွဲယူထားပါတယ်။
စစ်တမ်းကောက်ယူထားချက်အရဆိုရင်တော့ ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဇူးရစ်မြို့ကလည်း နံပါတ် ၄ နေရာမှာရှိနေသလို တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆိုးလ်မြို့ကလည်း နံပါတ် ၇ နေရာမှာရှိနေပါတယ်။
တူရကီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ အစ္စတန်ဘူလ်ကတော့ နံပါတ် ၁၂၀ နေရာမှာရှိနေပြီး ကုန်ကျစရိတ် အနည်းဆုံးမြို့တမြို့သလို ရုရှားနိုင်ငံ မော်စကိုမြို့ကလည်း ၁၀၂ နေရာမှာရှိနေပါတယ်။
ဗင်နီဇွဲလားရဲ့ မြို့တော်ဖြစ်တဲ့ Caracas မြို့တော်ကတော့ ကုန်ကျစရိတ်အများဆုံးမြို့ကြီးတွေရဲ့စာရင်း မှာ နံပါတ် ၁၃၂ နေရာကို ဆီးရီးယားနဲ့အတူရှိနေပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ကရာချိမြို့တော်ကလည်း နိုင်ဂျီးရီးယားနိုင်ငံ Lagos မြို့တော်နဲ့အတူ နံပါတ် ၁၂၇ နေရာမှာ အတူရှိနေပါတယ်။
Ref:edition.cnn