အသက်အရွယ် ရလာတာနဲ့အမျှ အိုမင်းရင့်ရော်မှုဆိုတာဟာ ရှောင်လွှဲလို့ မရတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုမင်းရင့်ရော်မှုကို အတိုင်းအတာတခုအထိတော့ မိမိဘာသာ ဂရုစိုက် ထိန်းသိမ်းနိုင်ပါတယ်။ အသက် ၂၀ ကျော် အရွယ်ရောက်ပြီဆိုတာနဲ့ မိမိရဲ့အသားအရေကို ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်တာကြောင့် မဖြစ်မနေ ပြုလုပ်သင့်တဲ့ အရာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) Sunscreen မဖြစ်မနေ လိမ်းပေးပါ
နေရောင်ခြည်ဟာ အသားအရေကို အဓိက ထိခိုက် ပျက်စီးစေတဲ့ အချက်တခုဖြစ်ပြီး အိုမင်းရင့်ရော်မှုကို လျင်လျင်မြန်မြန် ပျက်စီးစေတာကြောင့် အသက် ၂၀ ကျော်အရွယ်မှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
(၂) Eye Cream အသုံးပြုပေးပါ
လူတော်တော်များများဟာ မျက်နှာ အသားအရေကိုသာ ဂရုစိုက်တတ်ကြပေမယ့် မျက်လုံးတဝိုက်က အရေးအကြောင်းတွေကိုတော့ သတိမထားမိတတ်ကြပါဘူး။ Eye Cream ကို အသက် ၃၀ ကျော်အရွယ်မှသာ စတင် အသုံးပြုတတ်ကြတာဟာ တကယ်တော့ မှားယွင်းနေတဲ့ အလေ့အထတခုပဲ ဖြစ်ပြီး အသက် ၂၀ ကျော်ပြီဆိုတာနဲ့ စတင်အသုံးပြုသင့်ပါတယ်။
(၃) Collagen ပါဝင်တဲ့ အစားအစာတွေကို စားသုံံးပေးပါ
အသက်အရွယ် ရလာတာနဲ့အမျှ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တဲ့ Collagen ထုတ်လွှတ်မှုဟာ လျော့နည်း လာတာကြောင့် Collagen ပါဝင်တဲ့ ထောပတ်သီး၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ကီဝီသီးတွေနဲ့ အစေ့အဆန်တွေကို များများစားသုံးပေးသင့်ပါတယ်။
(၄) မိမိရဲ့ စားသောက်နေထိုင်မှု စနစ်ကို ပြောင်းလဲပါ
အိုမင်းရင့်ရော်မှု မြန်ဆန်တာနဲ့ နှေးကွေးတာဟာ မိမိရဲ့ စားသောက်နေထိုင်မှု ပုံစံတွေအပေါ်မှာလည်း မူတည်ပါတယ်။ အိပ်ရေးဝဝ မအိပ်စက်တာ၊ အရက်သေစာတွေနဲ့ ဆေးလိပ်သောက်သုံးတာ၊ ရေသောက်နည်းတာ၊ အစားပုံမှန် မစားတာ စတာတွေဟာ အိုမင်းရင့်ရော်မှုကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်စေတာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။
(၅) အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့အခါ လက်နဲ့ ဖိပွတ်ဆွဲတာမျိုးကို ရှောင်ကြဉ်ပါ
မိတ်ကပ်လိမ်းတာ ဒါမှမဟုတ် Skin Care လိမ်းတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ မိတ်ကပ်ဖျက်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် မျက်နှာ အသားအရေကို လက်နဲ့ဖိပွတ် ဆွဲတာမျိုးဟာ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေနိုင်ပြီး ချွေးပေါက်ကျယ် တာမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
Ref : alyaka.com