Trend

ပိုလန်နိုင်ငံမှာ ဖွင့်လှစ်မယ့် ကမ္ဘာ့အနက်ဆုံး ရေကူးကန်

သိပ်မကြာခင် အချိန်အတွင်းမှာ ပိုလန်နိုင်ငံဟာ ကမ္ဘာ့အနက်ဆုံး ရေကူးကန်ကို ဖွင်လှစ်တော့မှာ ဖြစ်ပါတယ်။ အဲဒီရေကူးကန်မှာ ဆိုရင်တော့ ရေအောက် ဥမင်လိုဏ်ခေါင်းတွေလည်း ပါဝင်မှာ ဖြစ်သလို ၄၅ မီတာ (၁၄၈ပေ) အနက် ရှိပါတယ်။

အဆိုပါ ကမ္ဘာ့အနက်ဆုံး ရေကူးကန်ကတော့ Mszczonow မြို့မှာ ရှိပြီး ဝါဆောမြို့နဲ့ မိုင် ၃၀ ဝေးပါတယ်။ ဒီရေကူးကန်ကိုတော့ သံမဏိတန်ချိန် ၁၁၀၀ တန် အသုံးပြုပြီး အခိုင်အမာ တည်ဆောက်ထားတာဖြစ်သလို ဒီရေကူးကန်ကိုတော့ ရေကူးချင်သူ၊ ဘယ်သူမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီရေကူးကန်ကြီး တည်ဆောက်ပြီးသွားတဲ့ အချိန်မှာတော့ ရေကူးစသင်သူတွေအတွက်လည်း အဆင်ပြေမှာဖြစ်သလို ပရော်ဖက်ရှင်နယ် ရေငုပ်သမားတွေအပါအဝင် ဒိုက်ဗင်ထိုးသူတွေအတွက်လည်း အဆင်ပြေမှာဖြစ်တဲ့အကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရေမကူးဘဲ အလည်အပတ် သက်သက် လာရောက်ကြသူတွေအတွက်လည်း ရေအောက်ဥမင် လိုဏ်ခေါင်းအတွင်းပိုင်းမှာ လည်ပတ်နိုင်မှာဖြစ်သလို ရေကူးသင်တန်းနဲ့ ဟိုတယ် အခန်းတွေကိုလည်း စီမံပေးထားပါတယ်။

ဒီရေကူးကန်ကြီး မတည်ဆောက်ခင်အချိန်တုန်းကတော့ ကမ္ဘာမှာ အနက်ဆုံးရေကူးကန်ဟာ အီတလီနိုင်ငံက ရေကူးကန်ဖြစ်ပြီး ၄၂ မီတာ (၁၃၇ပေ) အနက်ရှိခဲ့ပါတယ်။ အဲဒီရေကူးကန်ကတော့ အီတလီနိုင်ငံ Venice မြို့အနီးက Millepini ဟိုတယ်မှာရှိပါတယ်။

ပိုလန်နိုင်ငံက ဒီရေကူးကြီးဖွင့်လှစ်ပြီးသွားခဲ့ရင်တော့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဗြိတိန်နိုင်ငံကလည်း ၅၀ မီတာ (၁၆၄ပေ) အနက်ရှိတဲ့ ရေကူးကန်ကို ထပ်မံဖွင့်လှစ်ဦးမှာပါ။ အဲဒီအခါကျရင်တော့ ဗြိတိန်နိုင်ငံ ရေကူးကန်က ကမ္ဘာ့အနက်ဆုံးရေကူးကန် ဖြစ်လာပါလိမ့်ဦးမယ်။

Ref : edition.cnn

Loading