Trend

နွေနေပူမှာ လန်းဆန်း တက်ကြွနေစေမယ့် နည်းလမ်းကောင်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

နွေရာသီရဲ့ ရာသီဥတု အပူရှိန်ဟာ တခြားသော ရာသီဥတုတွေထက် လူတွေကို လေးလံထိုင်းမှိုင်းပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေပါတယ်။ ရာသီဥတု အပူရှိန်ကြောင့် မလန်းဆန်းဘဲ ဖြစ်နေသူတွေအတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းတွေက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

(၁) အိပ်ရာကနိုးတာနဲ့ ရေအဝ သောက်ပေးပါ

အိပ်ရာကနိုးတာနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေတာကို သက်သာစေဖို့အတွက်နဲ့ တနေကုန် လန်းဆန်းတက်ကြွနေစေဖို့အတွက် အိပ်ရာကနိုးနိုးချင်းမှာပဲ ရေများများသောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်ခြင်းက သင့်ကို ပင်ပန်းနွမ်းနယ်စေတာကြောင့် မနက်ခင်း အိပ်ရာထချိန်ကစလို့ တနေ့တာလုံးမှာ ရေများများသောက်ပေးသင့်ပါတယ်။

(၂) မျက်နှာ မကြာခဏ သစ်ပေးပါ

နွေရဲ့ ပူပြင်းလှတဲ့ အပူရှိန်ဟာ သင့်ကို ပင်ပန်းနွမ်းနယ်မှုနဲ့ ငိုက်မြည်းမှုတွေကို ခံစားရစေပါတယ်။ မကြာခဏဆိုသလို ရေခပ်အေးအေးနဲ့ မျက်နှာသစ်ပေးခြင်းက ပတ်ဝန်းကျင်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် မျက်နှာ ညစ်ထပ်ထပ်ဖြစ်နေခြင်းကိုရော ထိုင်းမှိုင်း လေးလံနေခြင်းကိုပါ သက်သာစေမှာပါ။

(၃) ချိုချိုအေးအေး အရသာရှိတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပါ

ပူစပ်စပ် အရသာရှိတဲ့ အစားအစာတွေက ပူပြင်းလှတဲ့ နွေရာသီမှာ သင့်ကို ချွေးသံတရွှဲရွှဲ ဖြစ်စေရုံကလွဲလို့ ဘာမှ အထောက်အကူ မပြုနိုင်ပါဘူး။ နေ့လယ် နေခင်းတွေမှာ အဆာပြေ သရေစာအဖြစ် အသီးဖျော်ရည်နဲ့ ဒိန်ချဉ်တို့လို ရင်အေးစေမယ့် အစားအစာမျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။

(၄) လေဝင်လေထွက် ကောင်းမွန်တဲ့ နေရာတွေမှာ နေပါ

အလုံပိတ် အဲကွန်းခန်းတွေမှာပဲ တနေ့တာလုံးကို ကုန်ဆုံးလိုက်ခြင်းက သင့်ကို ပိုပြီး လေးလံ ထိုင်းမှိုင်းမှုကို ဖြစ်ပေါ်စေပါတယ်။ လေဝင်လေထွက် ကောင်းမွန်တဲ့ နေရာမှာ ခဏလောက်ဖြစ်ဖြစ် လေထွက် ရှုတာမျိုးနဲ့ ညနေ အလုပ်ပြန်ချိန်တွေမှာ လေညှင်းခံ လမ်းလျှောက်ထွက်တာမျိုးက လန်းဆန်းမှုကို ခံစားရစေမှာပါ။

(၅) ပေါ့ပါးပြီး အရောင်ဖျော့ဖျော့ အဝတ်အစားတွေကို ဝတ်ဆင်ပါ

ရာသီဥတုပူပူမှာ ကျပ်လွန်းပြီး အရောင်တောက်တောက် အဝတ်အစားတွေက သင့်ကို ပိုမိုပူပြင်းစေမှာဖြစ်တာကြောင့် ပေါ့ပါးပြီး အရောင်ခပ်ဖျော့ဖျော့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Ref. lifetippr.com

Did you find apk for android? You can find new Free Android Games and apps.
Loading