Trend

ကျည်ကာအင်္ကျီဝတ်ပြီး သေနတ်ပစ်တမ်း ကစားသူနှစ်ဦးအား ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ Arkansas မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦးဖြစ်သူ Charles Eugene Ferri နဲ့ အသက် ၃၆နှစ်အရွယ် Christopher Hicks တို့ဟာ မတ်လ ၃၁ရက်နေ့ တနင်္ဂနွေနေ့မှာ သေနတ် ဒဏ်ရာများနဲ့ ဆေးရုံကို ရောက်လာခဲ့တယ်လို့ ရဲဌာနက တာဝန်ရှိသူတွေက ဆိုပါတယ်။

သူတို့ နှစ်ဦးဟာ အရက် အတူတူသောက်ပြီးနောက် မူးပြီး ကျည်ကာအင်္ကျီ တယောက်တထည်စီ ဝတ်ကာ သေနတ်ပစ်တမ်း ကစားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ယောက်လုံးဟာ သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ တယောက်ကို သေနတ်နဲ့ ၅ ချက်စီ ပစ်တမ်း ကစားကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ အိမ်နီးချင်း ဖြစ်သူတွေက သေနတ်သံတွေ ကြားပြီးတဲ့နောက်မှာ ရဲကို အကြောင်းကြားခဲ့တဲ့ အတွက် သေနတ်ပစ်တမ်း ကစားတဲ့ပွဲ ပြီးသွားခဲ့ပါတယ်။ အိမ်နီးချင်းတဦးကတော့ “ကျနော့်မှာ ကလေး ၂ယောက်ရှိတယ်။ ဒီအရူးတွေနဲ့ အိမ်ချင်းကပ်လျက်နေရတော့ ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိတ်ပူနေရတယ်” လို့ 5News ကို ပြောခဲ့ပါတယ်။

နောက်ထပ် အိမ်နီးချင်း တဦးကတော့ “သူတို့ကို တာဝန်ရှိသူတွေက တခုခုတော့ လုပ်ပေးရမယ်။ မဟုတ်ရင် ဖြတ်သွားဖြတ်လာတွေ အတွက် ဒဏ်ရာ ကြီးကြီးမားမား ရနိုင်တယ် ” လို့ ပြောခဲ့ပါတယ်။

ဒဏ်ရာတွေ ရှိနေလို့ ဆေးရုံကို ခေါ်သွားခဲ့ပေမယ့် ၂ယောက်လုံးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ အတွက် ဖမ်းဆီးခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ထောင်ဒဏ် ၆နှစ်ခန့် ကျဖို့ အလားအလာ ရှိနေပြီး ဒဏ်ငွေ ပေါင် ၇၀၀၀ ဆောင်ရဖို့ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သူတို့ ၂ဦးဟာ မေလ အထိ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Ref: mirror

Did you find apk for android? You can find new Free Android Games and apps.
Loading