Trend

ဒူဘိုင်းမှာသာ ရှိတဲ့ ထူးထူးဆန်းဆန်း အရာများ

Want create site? Find Free WordPress Themes and plugins.

ဒူဘိုင်းနဲ့ ပတ်သက်လာရင် အားလုံးက ထူးဆန်းတဲ့ အရာတွေချည်းပဲလို့ ဆိုနိုင်ပါတယ်။ ရေနံကို အဓိကရောင်းချပြီး ကြွယ်ဝချမ်းသာလွန်းတဲ့ နိုင်ငံဖြစ်လို့ လူတိုင်းနီးပါးက လည်ပတ်ချင်တဲ့ မြို့တမြို့ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါကြောင့် ဒီတခါ ဒူဘိုင်းမှာသာ မြင်ရမယ့် ထူးဆန်းတဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားများ

ဒူဘိုင်းမှ ရဲအရာရှိတွေ စီးတဲ့ကားတွေဟာ အမေရိကန် ဒေါ်လာ ၁သန်းနဲ့ အထက်မှာသာရှိတဲ့ ကားတွေ ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးပေါင်း ထောင်နဲ့ ချီပြီး နေထိုင်တဲ့ နိုင်ငံဖြစ်လို့ အဲဒီမြို့မှာ နေထိုင်သူတွေဟာ တန်ဖိုးကြီး ကားတွေဖြစ်တဲ့ Lanboghini, Ferrari, Bugatti စတဲ့ ကားတွေကိုသာ စီးကြပါတယ်။ Taxi အနေနဲ့ Bugatti ကားတွေကိုသာ အသုံးပြုပြီး အဲဒီကားတွေဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၇သန်းခန့် ရှိပါတယ်။

(၂) ရွှေထုတ်တဲ့ ATM

တကမ္ဘာလုံးမှာရှိတဲ့ ATM စက်တွေထပ် ပိုပြီး အဆင့်မြင့်တဲ့ ရွှေထုတ်တဲ့ ATM ကို ဒူဘိုင်းမှာသာ မြင်တွေ့နိုင်ပါတယ်။ Gold To Go လို့ အမည်ရတဲ့ အဲဒီ ATM စက်တွေကို နေရာတော်တော်များများမှာ ထားပေးထားပြီး အချိန်တိုင်း ၂၄ ကာရက်ရှိတဲ့ ရွှေထုတ်နိုင်ပါတယ်။

(၃) ဈေးအကြီးဆုံး ရေခဲမုန့်

ဒူဘိုင်းမှာ ရောင်းချနေတဲ့ တန်ဖိုးအကြီးဆုံး အစားအစာတွေထဲ မပါမဖြစ်ကတော့ ရေခဲမုန့်ပဲ ဖြစ်ပါတယ်။ အဲဒီ ရေခဲမုန့်ဟာ အမေရိကန်ဒေါ်လာ ၈၀၀ ကျော်တန်ဖိုးရှိပြီး မြန်မာကျပ်ငွေ ၁၂ သိန်းခန့် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါဟာ ရေခဲမုန့် တဇွန်းစာအတွက်သာ ဖြစ်ပြီး ရေခဲမုန့်ထဲမှာ ၂၃ ကာရက် အလေးချိန်ရှိတဲ့ စားလို့ရတဲ့ ရွှေပြားတွေကို ထည့်သွင်း ထားပါတယ်။

(၄) မုန့်ထုတ်စက်

ဒူဘိုင်းမှာ နေထိုင်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်ပါတယ်။ ဒီအလုပ်သမားတွေထဲက ငွေကြေး အဆင်မပြေသူတွေ အတွက် ရှော့ပင်းစင်တာနဲ့ လူအသွားအလာများတဲ့ နေရာတိုင်းမှာ မုန့်ထုတ်စက်တွေကို ထားရှိပေးထားပါတယ်။ ပိုက်ဆံ မရှိသူနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတိုင်း လာရောက်ယူစားခွင့် ရှိတယ်လို့ သိရပါတယ်။

(၅) အိမ်မွေးတိရစ္ဆာန်

ဒူဘိုင်းမှာ နေထိုင်တဲ့ သန်းကြွယ်သူဌေးတွေဟာ အိမ်မွေးတိရစ္ဆာန် အဖြစ် ခြင်္သေ့၊ ကျားသစ်နဲ့ ကျားတွေကို မွေးမြူလေ့ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဆန့်ကျင်မှုကြောင့် အဲဒီလို မွေးမြူခွင့်မရှိတော့ပါဘူး။ မွေးမြူထားတာကို တွေ့ရင်တော့ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁သိန်းကျော် ပေးဆောင်တာ ဒါမှမဟုတ် ထောင်ချတာတွေကို ခံရမှာ ဖြစ်ပါတယ်။

Ref; kiwireport

Did you find apk for android? You can find new Free Android Games and apps.
Loading