မိသားစုထဲက မွေးချင်း ညီအစ်မ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေထဲမှာ အကြီးဆုံးတွေထက် အငယ်တွေက ပိုမိုသောင်းကျန်း ဆိုးသွမ်းကြတယ်ဆိုတဲ့ လေ့လာချက်ကို သိပ္ပံပညာရှင်တွေဟာ လေ့လာအတည်ပြုလိုက်ပါပြီ။ မွေးချင်းတွေထဲမှာ အငယ်တွေ (အထူးသဖြင့် ယောကျာ်းလေး) ဖြစ်မယ်ဆိုရင် ထိန်းသိမ်းရခက်တဲ့အပြင် ပြောဆိုသွန်သင်ရခက်တယ်လို့လည်း ပြီးခဲ့တဲ့ လေ့လာမှုတွေမှာ လေ့လာသူတွေက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်လောက်ကနေစပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေနဲ့ လေ့လာသူတွေဟာ ဒီလေ့လာမှုကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သုတေသနလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ Dr. E. Black ကတော့ “ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ အကြီးဆုံးတွေထက် အငယ်တွေက သင်ယူလေ့လာနိုင်စွမ်းနဲ့ သွန်သင်ဆုံးမရမှုအပိုင်းမှာ အနည်းငယ်ခက်ခဲတယ်ဆိုတာကို အစောပိုင်းကာလတုန်းက ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ တွေ့ရပါတယ်” လို့ ဆိုပါတယ်။
ဒီသုတေသသနလေ့လာမှုမှာ စိတ်ပညာရှင်တွေ၊ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်တွေအပြင် မန်ဆာချူးဆက်တက္ကသိုလ် က စီးပွားရေးပညာရှင်တွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကလေးဘဝအရွယ်တည်းကစပြီး အတန်းပညာသင်ကြားတဲ့ အရွယ်၊ တက္ကသိုလ်ပညာရေးနဲ့ လုပ်ငန်းခွင်ဝင်ရောက်တဲ့အထိ အသက်အရွယ်အပိုင်းအခြားအလိုက် ဒီလေ့လာမှုကို အသေးစိတ် လက်တွေ့ကျကျ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သုတေသနလေ့လာမှုကို ဦးဆောင်တဲ့ Dr.Doyle က “ဒီလိုမျိုး အငယ်တွေဟာ အကြီးဆုံးတွေထက် ပိုမိုသောင်းကျန်းကြတယ်ဆိုတာက မိဘတွေရဲ့ အုပ်ထိန်းမှုနဲ့လည်း ၄၀ ရာခိုင်နှုန်းလောက်က သက်ဆိုင်နေပါတယ်။ ကလေးဘဝအရွယ်တုန်းကတော့ အကြီးဆုံးတွေဟာ အငယ်တွေရဲ့ Role Model တွေအဖြစ် အငယ်တွေဟာ လက်ခံခဲ့ကြပေမယ့် အနည်းငယ်ကြီးပြင်းလာတဲ့အချိန် တိတိကျကျ ပြောရမယ်ဆိုရင် အသက် ၂ နှစ်အရွယ် ကျော်လောက်ကနေစပြီး အငယ်တွေဟာ သိပ်လက်မခံချင်ကြတော့ပါဘူး”
“အငယ်ဆုံးဆိုတဲ့ မိသားစုရဲ့အရေးပေးမှုတွေနဲ့ သူတို့ကိုယ်တိုင်ရဲ့ နားလည်နိုင်မှုအရ အငယ်တွေဟာ အကြီးဆုံးတွေထက်ပိုပြီး ထိန်းသိမ်းရခက်လာကြာတာပဲ ဖြစ်ပါတယ်” လို့ သုတေသနနဲ့ပက်သက်ပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
Ref. brightside.me