ကမ္ဘာကျော် မင်းသမီးတွေနဲ့ မော်ဒယ်တွေဟာ ဘယ်လို အနေအထားမျိုးနဲ့ပဲ ဓာတ်ပုံရိုက်ရိုက် အထာကျလှပနေတာကို တွေ့မြင်ရပါတယ်။ ဒီလိုမျိုး ဓာတ်ပုံထဲမှာ အမြဲစမတ်ကျကျ လှပနေစေဖို့အတွက် သူတို့ တဦးချင်းစီမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတာကြောင့် နာမည်ကျော်တွေဆီကနေ ပြန်လည် သင်ယူနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Taylor Swift
ကမ္ဘာကျော်အဆိုတော် Taylor Swift ဟာ ဓာတ်ပုံရိုက်တဲ့အခါ ပါးရိုးတွေ ပေါ်လွင် ထင်ရှားနေစေဖို့အတွက် ပါးကို သွားနဲ့ အနည်းငယ် ကိုက်ထားတဲ့အသွင် ပြုလုပ်လေ့ရှိပါတယ်။ ပါးစပ်ကို အတင်းစေ့ထားတာမျိုးထက် သွားတွေကို အနည်းငယ် ပေါ်လွင်အောင် ပြုံးလေ့ရှိတာကြောင့် သူမရဲ့ ဓာတ်ပုံတိုင်းဟာ သဘာဝဆန်ဆန် လှပနေတာ ဖြစ်ပါတယ်။
(၂) Julia Robert
ဟောလိဝုဒ်ရဲ့ ပြုံးအလှပိုင်ရှင် မင်းသမီးလို့ ခေါ်ဝေါ်ကြတဲ့ မင်းသမီးကြီး Julia Robert ကတော့ ဓာတ်ပုံ ရိုက်ခံတဲ့အခါ အမြဲတမ်း ပြုံးပြုံးရယ်ရယ် ပြုလုပ်လေ့ရှိပြီး ပြုံးရယ်နေချိန်မှာ မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို ဖုံးအုပ်ဖို့အတွက် မျက်လုံးကို အနည်းငယ် ပြူးထားလေ့ ရှိပါတယ်။
(၃) Jennifer Lawrence
မင်းသမီးချော Jennifer Lawrence ကတော့ ဓာတ်ပုံရိုက်ခံတဲ့အခါတိုင်း ကင်မရာကို တည့်တည်ကြည့်လေ့မရှိပါဘူး။ မျက်လုံးအလှ ထင်ပေါ်စေဖို့ မျက်ခုံးကို အနည်းငယ် ပင့်တင်ထားတဲ့ သူမရဲ့ ထီမထင်ဟန် မျက်နှာပေးက ဓာတ်ပုံထဲမှာ အထာကျနေစေတာပဲ ဖြစ်ပါတယ်။
(၄) Kristen Dunst
“Spider Man” မင်းသမီး Kristen Dunst ကတော့ ဓာတ်ပုံတွေတိုင်းလိုလိုမှာ သူမရဲ့ အပြုံးက လူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ သွားပေါ်အောင် ပြုံးလေ့ မရှိဘဲ နှုတ်ခမ်းစေ့ထားတဲ့ Half-smile က သူမရဲ့ Trademark တခုပဲ ဖြစ်ပါတယ်။
(၅) Monica Bellucci
အီတလီ မင်းသမီးချော Monica Bellucci ကတော့ ဓာတ်ပုံရိုက်တဲ့အခါ သူမရဲ့ ကျော့ရှင်းတဲ့ လည်တိုင် အလှ ပေါ်လွင်နေစေဖို့နဲ့ သဘာဝဆန်ဆန် လှပနေစေဖို့အတွက် ဦးခေါင်းကို အနည်းငယ် မော့ထားလေ့ ရှိပါတယ်။
Ref. brightside.me