Trend

သရဲရှာဖွေသူတွေရဲ့ ဓာတ်ပုံထဲမှာ မျက်တောင်ခတ်လိုက်တဲ့ အသက် ၁၁၆ နှစ်အရွယ် အရုပ်မ

Want create site? Find Free WordPress Themes and plugins.

၁၉၀၃ ခုနှစ်က အမေရိကန်နိုင်ငံ Texas ပြည်ထောင်စုမှာ နေထိုင်တဲ့ မိသားစု တစုက ပိုင်ဆိုင်တဲ့ Janet လို့ အမည်ရတဲ့ အရုပ်မလေးဟာ ဝိညာဉ် ပူးကပ်နေတယ်လို့ နာမည်ကြီးတဲ့ အရုပ်တရုပ်ဖြစ်ပါတယ်။ သရဲရှာသူနှစ်ယောက်ဟာ Mansfield, Nottinghamshire မှာ ရှိတဲ့ စွန့်ပစ်အိမ်အိုကြီးတွေကို သွားပြီး သရဲရှာဖွေရင်း အဲဒီ အရုပ်မကို ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အရုပ်မနဲ့ အတူတူ တခန်းထဲ ရှိတဲ့ အချိန်တွေမှာ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်လေ့ရှိတယ်လို့ လူတော်တော်များများက ဆိုပါတယ်။ တခါတရံမှာ ခြေသံတွေနဲ့ ထူးဆန်းတဲ့ စကားသံတွေကိုပါ ကြားရလေ့ရှိပါတယ်။ ဒါကြောင့် စုံစမ်းမှုတွေ ပြုလုပ်ဖို့ အတွက် အရုပ်ကို ယူဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သရဲရှာဖွေသူ Craig Jones နဲ့ အသက် ၄၈ နှစ်အရွယ် Matt Wood တို့ ရိုက်ကူးတဲ့ ဓာတ်ပုံမှာ အဲဒီ အရုပ်မဟာ မျက်တောင်ခတ်နေတာကို တွေ့ခဲ့ရတာပါ။ ထူးဆန်းတာ တခုကတော့ အရုပ်ကို ယူလာစ အချိန်မှာ မျက်ခွံပါမှန်း မသိတာရတာပါပဲ။ ဓာတ်ပုံရိုက်လိုက်တဲ့ အချိန်မှာမှ အဲဒီအရုပ်ဟာ မျက်လုံးမှိတ်ရုံတင်မက မျက်လုံး အလှပြင်ထားတာကိုပါ တွေ့ခဲ့ရတာပါ။

သရဲဖမ်းသူ တဦးဖြစ်တဲ့ Craig က “ကျနော်က သရဲပူးကပ်နေတဲ့ ပစ္စည်းတွေကို ကြိုက်တယ်။ ဒါကြောင့် ဒီအရုပ်ကို စိတ်ဝင်စားတာပါ။ အရုပ်နဲ့ ဓာတ်ပုံရိုက်ချင်စိတ်တွေကိုလည်း ထိန်းမရဘူး။ အဲဒါကြောင့် ဓာတ်ပုံရိုက်ဖြစ်သွားတာ။ ဓာတ်ပုံကို ပြန်ကြည့်မှ သူက မျက်လုံးမှိတ်နေတယ်။ ထူးဆန်းတာက သူ့မှာ မျက်ခွံမရှိဘူးဗျ”လို့ ပြောခဲ့ပါတယ်။

သရဲရှာဖွေသူ နောက်တဦးဖြစ်တဲ့ Matt Wood က ဒီအရုပ်ကို ယူဖို့ အမျိုးသမီး တဦးက ဆက်သွယ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Julie လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ၁၉၀၃ ခုနှစ်က အရုပ်ပိုင်ရှင်ရဲ့ မြေးဖြစ်ပြီး အိမ်မှာ ထားရင် သရဲခြောက်လွန်းတဲ့ အတွက် သရဲရှာဖွေသူတွေကို လာယူဖို့ အကူအညီတောင်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအရုပ်မကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို အင်တာနက် စာမျက်နှာတွေ အပေါ် တင်တဲ့အခါ ကြည့်ရှုသူတွေဟာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ အော့အန်ခြင်းတွေ ဖြစ်ကြတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။သရဲရှာဖွေသူတွေကလည်း အရုပ်ကို အိမ်မှာ ထားတဲ့ အချိန်တွေမှာ စကားသံတွေနဲ့ ခြေသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။

Ref. mirror

Did you find apk for android? You can find new Free Android Games and apps.
Loading