တက်တူးလို့ ဆိုလိုက်ရင် ခန္ဓာကိုယ်ပေါ်မှာ တသက်လုံးပါသွားတော့မယ့် အမှတ်အသားတွေပဲလို့ သိမြင်ကြမှာပါ။ အခုနောက်ပိုင်းမှာဆိုရင် တက်တူးချစ်သူတွေဟာ ကိုယ့်အတွက် အဓိပ္ပာယ်ရှိမယ့် တက်တူးမျိုးကိုသာ ရွေးချယ်လာကြပြီး တက်တူး တခုချင်းစီတိုင်းမှာလည်း မတူညီတဲ့ အဓိပ္ပာယ်တွေ ရှိနေပြန်ပါတယ်။
တချို့သော တက်တူးတွေဟာ နိုင်ငံအလိုက် အဓိပ္ပာယ် သတ်မှတ်ကြပုံချင်း မတူညီကြတာကြောင့် သင့်ကိုယ်ပေါ်က တက်တူး တခုနဲ့လည်း ထောင်ထဲ ရောက်သွားနိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် အဓိပ္ပာယ် သေချ ာမသိဘဲ မထိုးသင့်တဲ့ တက်တူးတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဗုဒ္ဓပုံ တက်တူး
ခန္ဓာကိုယ်ရဲ့ ဘယ်လို အစိတ်အပိုင်းနေရာမျိုးမှာမဆို ဗုဒ္ဓပုံ တက်တူးထိုးခြင်းဟာ ဘုရား၊ တရားကို ပြစ်မှားတာလို့ ဗုဒ္ဓဘာသာ နိုင်ငံအများစုက ယူဆထားကြတာကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အနေနဲ့ သတိထားသင့်တဲ့ တက်တူး တခုလည်း ဖြစ်ပါတယ်။
(၂) ယာကူဇာ တက်တူး
တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ခန္ဓာကိုယ်တခုလုံးမှာ ပြည့်နေအောင် ထိုးထားတဲ့ တက်တူးတွေကြောင့် ဂျပန်နိုင်ငံမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ ယာကူဇာဂိုဏ်းရဲ့ အမှတ်သင်္ကေတ တက်တူးဟာ ဆိုရင်လည်း သတိပြုဆင်ခြင်ပြီးမှ အဓိပ္ပာယ်ကို သေချာသိရှိမှသာ ထိုးသင့်တဲ့ တက်တူးတခုဖြစ်ပါတယ်။
(၃) Shamrock ပုံတက်တူး
အများစုကတော့ ဒီ ဆိုတဲ့ အရွက်ပုံ သင်္ကေတ တက်တူးကို ကံကောင်းခြင်းကို ရည်ရွယ်ပြီး ထိုးလေ့ရှိကြပါတယ်။ ဒီ Shamrock ပုံတက်တူးဟာ အိုင်းရစ် ရာဇဝတ်မှုဂိုဏ်းသား အဖွဲ့ဝင်တွေဟာ အဖွဲ့ဝင် သင်္ကေတအဖြစ် ထိုးလေ့ရှိကြတဲ့ တက်တူးတခုဖြစ်တာကြောင့် သတိပြု ဆင်ခြင်သင့်တဲ့ တက်တူးတခုလည်း ဖြစ်ပါတယ်။
(၄) ကြက်ခြေခတ်ပုံ တက်တူး
ရင်ဘတ်ပေါ်မှာ ကြက်ခြေခတ်ပုံ ဒါမှမဟုတ် လက်ဝါးကပ်တိုင်ပုံ တက်တူး ထိုးထားခြင်းဟာ ရုရှားနိုင်ငံမှာတော့ အင်မတန်မှ အန္တရာယ်ရှိတဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေသာ ထိုးလေ့ရှိတဲ့ တက်တူးပုံတခုပဲ ဖြစ်ပါတယ်။
(၅) လူရွှင်တော်ရုပ်ပုံ တက်တူး
သင့်မှာ လူရွှင်တော်ရုပ်ပုံ တက်တူးတခု ရှိမယ်ဆိုရင်တော့ ဘရာဇီးနိုင်ငံကို မသွားဖို့ အကြံပြုချင်ပါတယ်။ လူရွှင်တော်ရုပ်ပုံ တက်တူးဟာ ဘရာဇီးနိုင်ငံမှာတော့ ရဲကို သတ်ဖြတ်ခဲ့သူတွေသာ ထိုးကြတဲ့ တက်တူးဖြစ်တာကြောင့် တက်တူးတခုနဲ့ ရဲစခန်းရောက်သွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
Ref. brightside.me