အင်္ဂလန်နိုင်ငံ၊ Broadstairs မြို့မှာ နေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတဦးဟာ ကင်ဆာ ဖြစ်ချင်ယောင်ဆောင်ပြီး အလှူခံခဲ့တာကြောင့် တရားစွဲဆိုခံရတယ်လို့ ဆိုပါတယ်။ Nicole Elkabbas လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ သူမမှာ သားအိမ်ကင်ဆာ ဖြစ်ပွားနေတယ်ဆိုပြီး အင်တာနက် စာမျက်နှာတွေမှာ အလှူခံခဲ့တာ ဖြစ်ပါတယ်။
Essex မြို့က ရဲတွေရဲ့ စုံစမ်းမှုတွေနဲ့ သူမကို ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ သူမဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ က စပြီး သြဂုတ်လအထိ အလှူခံခဲ့တာလို့ သိရပါတယ်။ အင်တာနက်အပေါ်မှာနဲ့ သူမ အနီးအနားက မိတ်ဆွေတွေဆီက အလှူခံရငွေက ပေါင် ၄သောင်း ၅ ထောင် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် မေလမှာ စတင်ပြီး တရားရင်ဆိုင်ရမယ်လို့ သိပါတယ်။
ယခင်က ရုပ်သံလိုင်းတွေမှာ ဟာသပြောသူ တယောက်အဖြစ် လူသိများတဲ့ အဲဒီအမျိုးသမီးဟာ သေလောက်တဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားနေတယ်ဆိုပြီး အလှူခံတဲ့ အစီအစဉ်ကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ Essex မြို့က တာဝန်ရှိရဲတွေကတော့ “အမျိုးသမီး တဦးဟာ သူမမှာ မရှိတဲ့ ရောဂါတခု ဖြစ်ပွားသလို ပြုလုပ်ပြီး ပိုက်ဆံတွေ လိမ်လည်ယူခဲ့တာကြောင့် တရားစွဲဆိုမှုတွေ ရှိနေတယ် ” လို့ ဆိုပါတယ်။
Essex မြို့ရဲ့ ရာဇဝတ်မှုဌာနကတော့ “Nicole Elkabbas လို့ အမည်ရတဲ့ အမျိုးသမီးဟာ ရောဂါဖြစ်ပွားခြင်းမရှိဘဲ ပြည်သူကို ပိုက်ဆံလိမ်လည်မှုနဲ့ တရားစွဲဆို ခံထားရပါတယ်။ သူမဟာ တရားရုံး ၆ ခုမှာ အမှုရင်ဆိုင်ရမှာ ဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ သူမကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ စတင် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
Ref. Mirror