ဒီကျွန်းကတော့ ဖင်လန်နိုင်ငံ ၊ Roseborg မြို့မှာရှိတဲ့ကျွန်းတကျွန်းပါ။ ဒီကျွန်းဟာပုဂ္ဂလိကပိုင် ကျွန်းတကျွန်းဖြစ်ပြီး ယောကျ်ားလေးတွေ အလည်လာရောက်ဖို့ ခွင့်မပြုသလို စိတ်ဖိစီးမှု တွေကို လျှော့ချချင်တဲ့အမျိုးသမီးတွေနဲ့ ယောကျ်ားတွေရဲ့ အဝေးမှာနေချင်တဲ့ အမျိုးသမီး တွေ အတွက် သီးသန့်လုပ်ထားတဲ့ ကျွန်းတကျွန်းပါ။
အဲဒီကျွန်းဟာ SuperShe ကျွန်းလို့အမည်ရပြီး ၈ ဒဿမ ၄ဧကကျယ်ဝန်းပါတယ်။ ဘောလ်တစ် ပင်လယ် အတွင်းမှာရှိတဲ့ ဒီကျွန်းဟာ အမျိုးသမီးတွေအတွက်တော့ အလွန်ကို အဆင်ပြေတဲ့ ကျွန်း တကျွန်းပါ။
အဲဒီကျွန်းမှာဆိုရင်တော့ အမျိုးသမီးတွေအနေနဲ့ တရားအားထုတ်နိုင်အောင် စီစဉ်ပေးထားသလို ယောဂကျင့်ဖို့ အဆောင်တွေနဲ့ အေးအေးဆေးဆေး လမ်းလျှောက်နိုင်အောင်လည်း စီစဉ်ပေးထား ပါတယ်။
ဒီအပန်းဖြေစခန်းကိုတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျန်းမာရေးလိုက်စားချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွည်ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
လာရောက်အပန်းဖြေချင်သူ အမျိုးသမီးတွေအနေနဲ့ ၅ ရက် တည်းခိုနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၃၀၀၀ နဲ့ ၅၀၀၀ ကြား ကျသင့်ပါလိမ့်မယ်။
အဲဒီကျွန်းကိုပိုင်ဆိုင်တာကတော့ SuperShe ဆိုတဲ့ အဖွဲ့အစည်းပါပဲ။ ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် ကတော့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကို စုစည်းစေဖို့ဖြစ်သလို အကူအညီပေးနိုင်ဖို့လည်း ဖြစ်ပါ တယ်။
အဲဒီကျွန်းမှာဆိုရင်တော့ အမျိုးသမီးတွေအသုံးပြုနိုင်ဖို့ သေးငယ်တဲ့ တည်းခိုဆောင်တွေနဲ့အတူ မီးဖိုချောင်တွေကိုလည်းတွဲဘက်ထားပေးသလို ဧည့်ခန်း ၊ ပန်းခြံ ၊ အမျိုးသမီးအသုံးအဆောင်တွေ ကိုရောင်းချပေးတဲ့ စတိုးဆိုင်တွေနဲ့ ကော်ဖီဘားတွေလည်း ရှိပါတယ်။
အဲဒီကျွန်းမှာ လာရောက် အပန်းဖြေချင်တဲ့ အမျိုးသမီးတွေများပေမယ့်လည်း တကြိမ်မှ အမျိုးသမီး ၁၀ ယောက်ကိုသာ လက်ခံပါတယ်။ လာရောက် အပန်းဖြေချင်တဲ့ အမျိုးသမီးတွေအတွက်လည်း အခမဲ့ယောဂသင်တန်းတွေစီစဉ်ပေး ထားသလို အခမဲ့ အနှိပ်ခန်းတွေကိုလည်း စီစဉ်ပေး ထား ပါ တယ်။
အခုဆိုရင်တော့ SuperShe ကျွန်းဟာ အမျိုးသမီးတွေရဲ့ အာရုံစိုက်ခြင်းကိုသာမက မီဒီယာတွေရဲ့ အာရုံစူးစိုက်မှု ကိုလည်း ခံလာရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးအများစုကလည်း တခြား ကမ်းခြေလိုနေရာကို မသွားကြတော့ဘဲ SuperShe ကျွန်းမှာသာ အပန်းဖြေဖို့ စိတ်ကူးကြပါတော့ တယ်။
အဲဒီကျွန်းကို လာရောက်အပန်းဖြေကြသူအများစုကတော့ အသက် ၃၅ နှစ်နဲ့ ၅၅ အတွင်း အမျိုးသမီးတွေများပါတယ်။ အဲဒီအမျိုးသမီးတွေဟာ တချို့က လက်ထပ်ထားသူတွေဖြစ်ကြပြီး တချို့ ကတော့ ကလေးအမေတွေပါ။
Ref:matadornetwork&en.wikipedia