လေ့လာချက်တွေ အရ ကြောင်တွေဟာ သခင်တွေပေးထားတဲ့ သူတို့ရဲ့ နာမည်ကို နားလည်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့ဟာ သခင်ရဲ့ ပြောစကားကို နားမထောင်ချင်တာကြောင့် မထူးကြတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရှိတဲ့ Sophia တက္ကသိုလ်က ပြုလုပ်တဲ့ သုသေသနတွေမှာ ကြောင်တွေဟာ သူတို့ နာမည်ခေါ်သံကို ကြားရင် နားရွက်လှုပ်ခြင်း၊ ခေါင်းလှည့်လာခြင်းတွေ ရှိပေမယ့် ဂရုမစိုက်ဘဲ တမင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ခွေးတွေနဲ့ လူတွေကြားက ဆက်နွယ်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ အများကြီးရှိပြီးသား ဖြစ်လို့ ကြောင်တွေရဲ့ လုပ်နိုင်စွမ်းကို လေ့လာကြည့်တာပါ။ ကြောင်တွေဟာ လူတွေ ထင်နေသလို ဉာဏ်မကောင်းတာ မဟုတ်ဘဲ လူတွေကို ဂရုမစိုက်ဘဲ နေကြတာဖြစ်တယ်” လို့ Dr. Atsuko Saito က ပြောပါတယ်။
ပြီးခဲ့တဲ့ လေ့လာမှုတွေမှာ ခွေး၊ လင်းပိုင်နဲ့ ကြက်တူရွေးတို့ကို ပြုလုပ်ခဲ့ပြီး သူတို့ဟာလည်း သခင်ရဲ့ အသံကို မှတ်နိုင်စွမ်းတွေ ရှိတာကို တွေ့ရပါတယ်။
ကြောင်တွေနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ လုပ်တဲ့ အခါမှာ ကြောင်တွေဟာလည်း သခင်ရဲ့ အသံကို မှတ်မိနိုင်စွမ်းရှိပြီး ကြောင်နဲ့လူ ဆက်နွယ်မှုဟာလည်း ဖွံ့ဖြိုးလျက်ရှိနေပြီးသား ဖြစ်ပါတယ်။
ကြောင်တွေဟာ ခေါင်းရှုပ်မခံချင်တဲ့ သဘောမှာ ရှိလို့ သခင်တွေနဲ့ သိပ်ပူးကပ်ပြီး မနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref;thesun