သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လူတယောက်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းထူးခြားမှုတွေဟာ သူ့ရဲ့ဉာဏ်ရည်မြင့်မားမှုကို ပြသနေတယ်လို့ ဆိုပါတယ်။ အခုဖော်ပြပေးမှာကတော့ တခြားသူတွေထက် ဉာဏ်ရည်မြင့်မားတယ်ဆိုတာကို ကြည့်ရုံနဲ့ သိနိုင်မယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။
(၁) နဖူးပြောင်ခြင်း
တရုတ်သုတေသနပညာရှင်တွေနဲ့ မျက်နှာအစိတ်အပိုင်းကိုကြည့်ပြီး ဟောကိန်းထုတ်တဲ့ Chinese Facer တွေရဲ့ အဆိုအရဆိုရင်တော့ နဖူူးပြောင်သူတွေဟာ တခြားသူတွေထက် ဉာဏ်ရည်ပိုမြင့်မားကြပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားသူတွေလို့ ဆိုပါတယ်။
(၂) စာရေးတဲ့အခါ ဘယ်သန်ခြင်း
ဒါကတော့ နိုင်ငံတကာ သုတေသနပြုလုပ်သူတွေကိုယ်တိုင် အတည်ပြုထားကြတဲ့ လေ့လာချက်တခုပါ။ ဘယ်သန်အများစုဟာ တခြားသူတွေထက် ဦးနှောက်ရဲ့ညာဘက်အခြမ်း ပိုမိုဖွံဖြိုးကြပြီး ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ မြင့်မားသူတွေဖြစ်ကြပါတယ်။
(၃) နှာတံအနည်းငယ် မို့မောက်ခြင်း
လင်းယုန်နှာခေါင်းလို့လည်း ခေါ်ကြတဲ့ နှာတံဟာ တဖြောင့်တည်းမရှိဘဲ အနည်းငယ် မို့မောက်နေသူတွေဟာ တခြားသူတွေထက် ဉာဏ်ရည်ပိုမိုထက်မြက်ကြတယ်လို့ ၁၉ ရာစုလောက်တည်းက သုတေသီတွေဟာ အခိုင်အမာပြောဆိုခဲ့ကြတာပါ။ ဆုံးဖြတ်ချက်ချရာမှာ ပြတ်သားကြပြီး အနုပညာဖန်တီးမှု အားကောင်းသူတွေလို့လည်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
(၄) လက်ညှိုးသေးငယ်ခြင်း
လေ့လာချက်တွေအရ လက်ညှိုးသေးငယ်တဲ့သူအများစုဟာ သချာၤစွမ်းရည် ပိုမိုထက်မြက်ကြပြီး ဖန်တီးနိုင်မှုစွမ်းအား ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။
(၅) နှုတ်ခမ်းပါးခြင်း
နှုတ်ခမ်းထူသူတွေထက် နှုတ်ခမ်းပါးသူတွေဟာ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ ပိုမိုမြင့်မားကြတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေက ဆိုပေမယ့် ဒီအဆိုဟာ လက်ရှိအချိန်အထိ အငြင်းပွားစရာ လေ့လာမှုတခု ဖြစ်နေဆဲပါ။ ဒါပေမယ့် နှုတ်ခမ်းပါးသူ ၄၀ ရာခိုင်နှုန်းခန့်ဟာတော့ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ ပိုမိုမြင့်မားကြတယ်ဆိုတာကတော့ အခိုင်အမာအတည်ပြုထားကြတာပဲ ဖြစ်ပါတယ်။
Ref. brightside.me