Trend

ဗီဒီယိုတခုမှာ အစ်မဖြစ်သူကို နမ်းပြခဲ့လို့ ဝေဖန်ခံနေရတဲ့ Youtuber

Want create site? Find Free WordPress Themes and plugins.

Chris Monroe လို့ အမည်ရတဲ့ Youtuber(Youtube တွင် ဗီဒီယိုများပြုလုပ်ကာပိုက်ဆံရှာသူ) တယောက်ဟာ သူ့ရဲ့ ဗီဒီယို တခုမှာ အစ်မ ဖြစ်သူကို နမ်းပြခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သူဟာ သူ့ရဲ့ ဗီဒီယိုတခုမှာ ကြည့်ရှုသူတွေကို လုပ်ပြစရာအကြွေးတခုရှိနေတယ်ဆိုပြီး အစ်မဖြစ်သူကို နမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ သူက သူ့အစ်မအရင်းမဟုတ်ကြောင်းနဲ့ ဝမ်းကွဲအစ်မ ဖြစ်ကြောင်းတို့ကို ကြိုတင်ပြောဆိုခဲ့ပေမယ့် သူတို့ရဲ့ နမ်းတဲ့ ပုံစံကြောင့် အခုလို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အနမ်းခံတဲ့ အမျိုးသမီးဟာလည်း Youtube မှာ ဟာသဗီဒီယိုတွေ တင်ဆက်လေ့ရှိသူ ဖြစ်ပြီး Kaitlyn O’Connor လို့ အမည်ရပါတယ်။ သူမဟာ သူ့ကို ထူးထူးခြားခြားတွေ စနောက်လေ့ရှိပြီး သူတို့ မောင်နှမဟာ ရင်းနှီးကြတယ်လို့ ဆိုပါတယ်။

ကြည့်ရှုသူတွေကတော့ “ဒီအမျိုးသမီးဟာ သူ့အစ်မတော့ ဟုတ်မယ် မထင်ပါဘူး။ ဘယ်လို လူမျိုးက ကိုယ့်အစ်မကို အဲဒီလို နမ်းမှာလဲ” စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပေမယ့် သူကတော့ The Sun Media ကို “အဲဒါက ကျနော့်အစ်မပါ။ ဒါပေမယ့် အစ်မဝမ်းကွဲပါ။ အစ်မ အရင်းမဟုတ်ပါဘူး။ အမျိုးတော့ တကယ်တော်စပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူ မီလီယံနဲ့ချီပြီး ရှိနေပြီလို့ သိရပါတယ်။

Chris Monroe ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး အနမ်းသမားလို့ ပြောဆိုခဲ့ပြီးနောက်မှာ သူ့အစ်မကို နမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ ဗိုလ်၊ ကျား၊ သေနတ် ဆော့ကြပြီး သူမရှုံးသွားရင် သူမကို နမ်းမယ်လို့ စိန်ခေါ်ခံခဲ့ရပြီး ရှုံးသွားတဲ့အတွက် အနမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အနမ်းခံရတဲ့ အစ်မဖြစ်သူ Kaitlyn O’Connor ကတော့ နောက်တခါ ဘယ်တော့မှ အဲဒီလို မနမ်းတော့ပါဘူးလို့ သူမရဲ့ Youtube Channel မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကြည့်ရှုသူတွေက “ဒီဖြစ်ရပ်ဟာ သိပ်ကို ရွံရှာစက်ဆုပ်ဖွယ်ပါပဲ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref;Thesun

Did you find apk for android? You can find new Free Android Games and apps.
Loading