Trend

ကမ္ဘာတဝှမ်းက ထူးထူးခြားခြား စုံတွဲများ

Want create site? Find Free WordPress Themes and plugins.

လေ့လာမှုတွေအရ လူအများစုဟာ သူတို့ရဲ့လက်တွဲဖော်တွေကို မိမိနဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတူသူ တွေကိုသာ ဦးစားပေး ရွေးချယ်လေ့ ရှိကြတယ်လို့ သိရပါတယ်။ ဆန့်ကျင်ဘက် အနေအထားတခုရှိတဲ့ သူမျိုးကို ရွေးချယ်ပေါင်းဖက်ကြတာဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုဖြစ်ပြီး အခုဖော်ပြပေးမယ့်သူတွေကတော့ သုတေသီတွေရဲ့ လေ့လာမှုတွေ အားလုံးကို ချိုးဖျက်ပြီး ထူးထူးခြားခြား ဖြစ်ကြတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။

(၁) Kyle Jones and Marjorie McCool

ဒီစုံတွဲဟာဆိုရင်တော့ အခုဖော်ပြမယ့် ထူးထူးခြားခြား စုံတွဲတွေထဲမှာမှ အထူးဆန်းဆုံးလို့တောင် ပြောလို့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အသက်အရွယ်ဟာ အနှစ် ၆၀ လောက် ကွာခြားပြီး Marjorie ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့အဘွားဖြစ်သူ Kyle Jones ကို လက်ထပ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

(၂) Jayla Cooper and Jose Griggs

သူတို့နှစ်ဦးကိုတော့ ကမ္ဘာ့အငယ်ဆုံး စုံတွဲအဖြစ် သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်ထပ်တဲ့အချိန်မှာ Jayla ဟာ အသက် ၉ နှစ်သာရှိသေးပြီး Jose ကတော့ ၇ နှစ်ပဲ ရှိပါသေးတယ်။ မိန်းကလေးတိုင်းဟာ သူတို့ရဲ့ဘဝမှာ လက်ထပ်ရမယ့် အချိန်အတွက် ကြိုတင်ရင်ခုန်လေ့ ရှိကြပါတယ်။

အဲ့ဒီလိုပါပဲ Jayla ဟာဆိုရင်လည်း သူမ အရွယ်ရောက်လာတဲ့အခါ လက်ထပ်ရမယ့် အချိန်ကို ရင်ခုန်မိပေမယ့် သူမဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး မကြာခင်ရက်ပိုင်းမှာပဲ ကွယ်လွန်တော့မယ့် အဖြစ်ဆိုးကြောင့် သူမ ချစ်ရတဲ့ သူငယ်ချင်း Jose နဲ့ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။

(၃) Herbert and Zelmyra Fisher

သူတို့စုံတွဲကတော့ အိမ်ထောင်သက် နှစ်အကြာဆုံး စုံတွဲလို့ သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ သူတို့ နှစ်ဦးဟာ အိမ်ထောင်သက်လည်း ရှည်ကြာသလို အသက်လည်း ရှည်ကြတာကြောင့် ဂင်းနစ်စံချိန်ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

(၄) Anton Kraft and China Bell

အရပ် ၄ ပေသာရှိတဲ့ အလေးမ ချန်ပီယံတဦးဖြစ်သူ Anton Kraft ဟာ အရပ် ၆ ပေ ၃ လက်မရှိတဲ့ လိင်ပြောင်းအမျိုးသမီး China Bell နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ အစစအရာရာမှာ ကွဲပြားခြားနားနေကြပေမယ့် တဦးကိုတဦး အလွန်အမင်း ချစ်ခင်ကြတာကြောင့် လူတိုင်းအားကျစရာ ဖြစ်ခဲ့ပါတယ်။

Ref. listforever.com

Did you find apk for android? You can find new Free Android Games and apps.
Loading