၂၀၁၇ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ရှိတဲ့ အလှကုန်ဆိုင်တွေနဲ့ အမျိုးသမီးတွေကို စတင်ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ ဝယ်ပြီး မသုံးဖြစ်တဲ့ အလှကုန် ပစ္စည်းတွေ အများကြီးရှိတယ်လို့ သိရပါတယ်။ မိန်းကလေးတွေဟာ အလှကုန် ပစ္စည်းဆိုင်တွေကို ရောက်ရင် လိုအပ်တာရော မလိုအပ်တာပါ ဝယ်လေ့ရှိတာကြောင့် ပိုက်ဆံကုန်တာပဲ အဖက်တင်ပါတယ်။
ဒါကြောင့် နောက်တခါ ဂရုစိုက်ရအောင် ဝယ်ပြီး အလကား ဖြစ်လေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ညအိပ် ခရင်မ်
ညအိပ်ခါနီးမှာ လိမ်းဖို့ ဆိုပြီး ဝယ်ထားတဲ့ ညအိပ် ခရင်မ်တွေဟာ လုံးဝနီးပါး အသုံးမဝင်ပါဘူး။ ညဘက်မှာလည်း အသားအရေဟာ ပျက်စီးဖို့ သိပ်မရှိတာကြောင့် အသားအရေကို လုံးဝ ထိန်းသိမ်းချင်တဲ့ အမျိုးသမီးတွေလောက်ပဲ လိမ်းဖြစ်ကြတယ်လို့ သိရပါတယ်။
(၂) အဆီစုပ် စက္ကူ
အဆီစုပ် စက္ကူဟာလည်း မကြာသေးခင်နှစ်တွေက စပြီး မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ အရာတခုဖြစ်ပါတယ်။ မျက်နှာမှာ ရှိနေတဲ့ အဆီတွေကို ပြောင်စေလို့ ရေပန်းစားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သာမန် စက္ကူဟာလည်း မျက်နှာမှာ ရှိတဲ့ အဆီတွေကို ပြောင်စင်စေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူဟာ အပိုပဲလို့ သတ်မှတ်ကြပါတယ်။
(၃) SPF မြင့်တဲ့ နေရောင်ကာခရင်မ်
SPF မြင့်တဲ့ နေရောင်ကာ ခရင်မ်တွေဟာလည်း ဝယ်ပြီး ခဏပဲလိမ်းဖြစ်တာ များပါတယ်။ ကမ်းခြေသွားတဲ့ အခါတွေမှာ SPF များတဲ့ နေရောင်ကာ ခရင်မ်တွေကို လိမ်းလေ့ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ အချိန်တွေမှာလည်း သုံးလို့ ရနေတဲ့ SPF 30 လောက်ပါတဲ့ နေရောင်ကာ ခရင်ခ် လိမ်းပြီး ရရှိတဲ့ အကျိုးကျေးဇူးခြင်းကတော့ သိပ်မကွာလှပါဘူး။ ဒါကြောင့် SPF များတိုင်းကောင်းမယ် ထင်တဲ့ အစွဲကို မေ့ထားလိုက်ပါ။
(၄) လက်သည်း ဆိုးဆေး (အကြည်)
လက်သည်းနီဆိုးပြီး အပေါ်က ထပ်ဆိုးတဲ့ လက်သည်းဆိုးဆေး အကြည်ဟာလည်း ဝယ်ပြီးရင် အလကားဖြစ်တဲ့ အရာတခုမှာ ပါပါတယ်။အပေါ်ကနေ လက်သည်းအကြည် ထပ်ဆိုးတိုင်း လက်သည်းနီဟာ ပိုပြီး ကြာကြာခံတာ မဟုတ်ပါဘူး။ ဒါကြောင့် ချွေတာသင့်တာ ချွေတာရအောင် မဝယ်ဖို့ဘဲ တိုက်တွန်းချင်ပါတယ်။
Ref. brightside