HBO ရဲ့နာမည်ကျော် တီဗီစီးရီးတခုဖြစ်တဲ့ Game of Thrones ဟာ နောက်ဆုံး Season ရဲ့ ပထမဆုံး Episode ကိုစတင်ပြသခဲ့ပြီး နောက်မှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ဆက်လက်ရရှိနေတာဖြစ်ပြီး GOT ရဲ့ အောင်မြင်မှုဟာဆိုရင်လည်း တကမ္ဘာလုံးအတိုင်းအတာနဲ့ ဝက်ဝက်ကွဲ အောင်မြင်နေတာလို့လည်း ပြောလို့ရပါတယ်။
အခုဖော်ပြပေးမှာကတော့ Game of Thrones တီဗီစီးရီးရဲ့ အမာခံပရိသတ်တွေ များစွာထဲကမှ နယ်ပယ်အသီးသီးမှာ နာမည်ကျော် အောင်မြင်ထင်ရှားနေတဲ့ GOT ရဲ့အမာခံပရိသတ်တွေ အကြောင်းပဲဖြစ်ပါတယ်။
(၁) Barack Obama
အမေရိကန်သမ္မတဟောင်းဟာ Game of Thrones ရဲ့ အမာခံ ပရိသတ်တဦးဖြစ်ပြီး Season 4 လောက်ကနေ စပြီး သူဟာ GOT ရဲ့အမာခံ ပရိသတ်တဦးဖြစ်လာခဲ့တာ ဖြစ်တယ်လို့ Game of Thrones ရဲ့ တွဲဖက်ဖန်တီးရှင် David Benioof က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
(၂) Mark Zuckerberg
Facebook ကိုတည်ထောင်သူ Mark Zuckerberg ဟာဆိုရင်လည်း HBO ရဲ့တီဗီစီးရီးတွေကို ကြိုက်နှစ်သက်သူတဦး ဖြစ်ပြီး အထူးသဖြင့် Game of Thrones ကို Instagram ရဲ့ Cofounder ဖြစ်တဲ့ Kevin Systrom နဲ့ နှစ်ယောက်သား ကြည့်ရှုလေ့ရှိကြတယ်လို့ သိရပါတယ်။
(၃)Madonna
ကမ္ဘာကျော် Pop ဘုရင်မ တဦးဖြစ်သူ မက်ဒေါနားကတော့ Game of Thrones ရုပ်ရှင်ထဲက Mother of Dragon ဖြစ်တဲ့ Khaleesi ရဲ့ဝတ်စုံအတိုင်းဝတ်ပြီး သူမရဲ့ Instagram အကောင့်မှာ တင်ထားတဲ့အထိကို အမာခံပရိသတ်တဦး ဖြစ်ပါတယ်။
(၄) Ed Sheeran
ကမ္ဘာကျော်အဆိုတော်တဦးဖြစ်တဲ့ Ed Sheeran ကတော့ Game of Thrones ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတခုမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ပဲ ပါရပါရ ပါဝင်ခွင့်ရချင်တာကြောင့် ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေကို လိုက်လံပြောဆိုဖူးပြီး သူ့ရဲ့အိပ်မက်ကတော့ လန်နစ်စတာစစ်သားတဦးအနေနဲ့ Game of Thrones ထဲမှာ ပါဝင်ချင်တာပဲ ဖြစ်ပါတယ်။
(၅) Prince William and Kate Middleton
ဗြိတိန်တော်ဝင်ဇနီးမောင်နှံတွေဖြစ်တဲ့ မင်းသား Prince Williamနဲ့ ဇနီးဖြစ်သူ Kate Middleton တို့ဟာ စနေနေ့ညတိုင်းမှာ Game of Thrones ရုပ်ရှင်ကို ကြည့်ရှုလေ့ရှိပြီး သူတို့ဇနီးမောင်နှံဟာ Game of Thrones ရဲ့အမာခံပရိသတ်တွေ ဖြစ်ကြောင်း BBC နဲ့အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ဖူးပါတယ်။
Ref. www.businessinsider.com