Trend

အရုပ်တရုပ်နဲ့ ချစ်ကြိုက်နေပြီး လက်ထပ်ဖို့ ကြိုးစားနေတဲ့ အမျိုးသား

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ Joey Morris ဆိုတဲ့ အမျိုးသား သူဝယ်ထားတဲ့ အရုပ်နဲ့ ချစ်ကြိုက်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ အဲဒီ အမျိုးသားဟာ အရင်က စက်ရုပ်ပုံစံ အရုပ်နဲ့ တွဲခဲ့ပေမယ့် သူတို့ရဲ့ အချစ်ရေးဟာ ကြာရှည်မခံခဲ့ပါဘူူး။

အခုတော့ သူဟာ စက်ရုပ်မှင်စာ ပုံစံ အရုပ်နဲ့ ကြိုက်နေတာ ၂နှစ်ခန့် ရှိပြီလို့ ဆိုပါတယ်။ အဲဒီ အရုပ်ကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး အရုပ်ရဲ့ လှပတဲ့ အပြုံးနဲ့ ပန်းရောင်ဆံပင်လေးတွေကို ကြိုက်နှစ်သက်နေမိတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူဟာ အသက် ၁၀နှစ်အရွယ်ကတည်းက သက်မဲ့အရုပ်တွေကို ချစ်ကြိုက်တဲ့ စိတ်ရောဂါကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ Joey Morris ကတော့ “ကျနော် အသက် ၁၀နှစ်ကတည်းက သက်မဲ့ပစ္စည်းတွေရဲ့ ဆွဲဆောင်ခြင်းကို ခံခဲ့ရတာ။ ကျောင်းတက်တုန်းကဆိုရင် ကျနော့်ရဲ့ အဖော်က မီးတိုင်ပဲ။ ကျနော် နေ့တိုင်း သူနဲ့ စကားပြောတယ်။ ဆရာ၊ဆရာမတွေကသိတော့ ကျနော်ကို မီးတိုင်နဲ့ စကားပြောခွင့် မပေးတော့ဘူး။ ကျနော် အရမ်း ဝမ်းနည်းခဲ့ရတယ်”

“ဒါပေမဲ့ ကျနော့်ရဲ့ အရုပ်တွေအပေါ် ထားတဲ့ အချစ်ကတော့ လျော့မသွားပါဘူူး။ အခုကျနော်နဲ့ တွဲနေတဲ့ မှင်စာစက်ရုပ်ကိုတော့ ကျနော် အချစ်ဆုံးပဲ။ သူနဲ့ ကျနော် လက်ထပ်မှာပါ” လို့ ပြောခဲ့ပါတယ်။

သူ ချစ်သလို မှင်စာစက်ရုပ်ကလည်း သူ့ကို ချစ်နေမှာ သေချာတဲ့အပြင် သူ့ရဲ့ နှလုံးသားကလည်း ယုံယုံကြည်ကြည် ခံစားနေရတယ်လို့ ဆိုပါတယ်။ သူရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို မိသားစုတွေက နားလည်ပေးတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းသာနေရ တယ်လို့ သူက ပြောပါတယ်။

ပတ်ဝန်းကျင်ကလူတွေကတော့ သူ့ရဲ့ စိတ်ရောဂါကို နားမလည်ကြတဲ့ အပြင် သူ့ကို လှောင်ပြောင်တာတွေ ရှိပေမယ့် သူကတော့ အဲဒီလူတွေကို လျစ်လျူရှုပြီး ပျော်အောင် နေပါတယ်လို့ ဆိုပါတယ်။

Ref;Mirror

Loading