Trend

အိမ်မွေး တိရစ္ဆာန်တွေကို Game Of Throne ဇာတ်ကောင်လို ဝတ်ဆင်ပေးမှုများ ခေတ်စား

ခွေးတွေ ကြောင်တွေကို ချစ်စရာကောင်းတဲ့ အဝတ်လေးတွေ ဝတ်ဆင်ပေးတာဟာ ပိုင်ရှင်တွေကြား ရေပန်းစားခဲ့တာ ကြာပါပြီ။ အိမ်မွေး တိရစ္ဆာန်တွေ ရှိတဲ့ သူတွေဟာ ခေတ်စားနေတဲ့ အရာတွေကို သူတို့ရဲ့ တိရစ္ဆာန်တွေ အတွက် သူ့ထက်ငါ အပြိုင်ဆင်ပေးလေ့ရှိပါတယ်။ အခုအခါမှာ ခေတ်စားနေတာကတော့ Game Of Throne ဇာတ်ကားထဲက ဇာတ်ကောင်ဖြစ်တဲ့ Jon Snow နဲ့ Daenerys တို့လို ဝတ်ရုံတွေ ဝတ်ပေးတာပဲ ဖြစ်ပါတယ်။

Game Of Throne ဇာတ်လမ်းတွဲဟာ ၂၀၁၉ ခုနှစ်မှာ ဇာတ်သိမ်းပိုင်းထွက်လာတာဖြစ်ပြီး ပရိသတ်တွေ အနေနဲ့လည်း ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေ ဖြစ်နေတာပါ။

နိုင်ငံတကာမှာ ရှိတဲ့ Game Of Throne ပရိသတ်တွေဟာ သူတို့ရဲ့ အိမ်မွေး ခွေးတွေကို ဝတ်ရုံတွေ ဝတ်ဆင်ပေးပြီး လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ တင်ထားကြပါတယ်။

ဒီဝတ်စုံတွေကို Le Magical Menagerie လို့ အမည်ရတဲ့ စတိုးတခုက စတင်ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စတိုးဟာ Game Of Thrones ရုပ်ရှင်ကားရဲ့ ဇာတ်သိမ်းပိုင်း မထွက်ခင်မှာ စတင်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

ဝတ်ရုံတွေဟာ အရွယ်အစား အမျိုးမျိုး ထွက်ရှိတာကြောင့် အိမ်မွေးတိရစ္ဆာန်တိုင်း ဝတ်လို့ ရတယ်လို့ ဆိုပါတယ်။

ခွေးရော ကြောင်ပါ အဲဒီ ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ပုံတွေ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့ပြီးနောက်မှာတော့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ပေးခဲ့ကြပြီး ပျော်ရွှင်နေကြတာကို မြင်တွေ့ရပါတယ်။

Ref; boredpanda

Loading