လိုချင်တာတွေ ဝယ်ပြီး တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေကမှ သင့်ကို စိတ်အပန်းပြေစေတာ မဟုတ်ပါဘူး။ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ အသေးအမွှားလေးတွေကလည်း သင့်ကို စိတ်အပန်းပြေစေနိုင်တာကြောင့် အခုဖော်ပြမယ့် အချက်တွေကို လိုက်လံစမ်းသပ် ပြုလုပ်ကြည့်ဖို့ မမေ့လျော့သင့် ပါဘူး။
(၁) သီချင်းနားထောင်ပါ
စိတ်ပညာရှင်တွေရဲ့အဆိုအရ သီချင်းနားထောင်ခြင်းဟာ စိတ်တည်ငြိမ်မှုကို ရရှိစေနိုင်တဲ့အပြင် စိတ်အပန်းပြေ စေနိုင်တယ်လို့လည်း ဆိုပါတယ်။ စိတ်တွေရှုပ်ထွေးပြီး ဘာလုပ်ရမှန်းမသိတဲ့ အချိန်မျိုးမှာ သင်ကြိုက်နှစ်သက်တဲ့ သီချင်းတပုဒ်ကို နားထောင်လိုက်ခြင်းက စိတ်ရှုပ်ထွေးမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။
(၂) သဘာဝလက်ဖက်ရည်ကြမ်း သောက်သုံးပါ
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေတဲ့ သဘာဝလက်ဖက်ရည်ကြမ်း တခွက်သောက်သုံးလိုက်ခြင်းကလည်း စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။
(၃) ရေပန်းနဲ့ ရေချိုးပါ
တန်ဖိုးကြီးမားတဲ့ Resort တွေသွားမှ စိတ်အပန်းပြေနိုင်တာမျိုးမဟုတ်ပါဘူး၊ သင့်အိမ်ရေချိုးခန်းထဲက ရေပန်းနဲ့ရေချိုးလိုက်ခြင်းဟာဆိုရင်လည်း အမှန်တကယ် စိတ်အပန်းပြေစေနိုင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ရေပန်းက ကျလာတဲ့ ရေစက်တွေအောက်မှာ အချိန်အတန်ကြာ ရေချိုးလိုက်ခြင်းက သင့်ကို စိတ်ရောလူပါ လန်းဆန်းစေမှာ ဖြစ်ပါတယ်။
(၄) ချောကလက်စားပါ
ချောကလက်စားသုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်လို့ စိတ်ပညာရှင်တွေက တညီတညွတ်တည်း သတ်မှတ်ထားကြတာဖြစ်တာကြောင့် စိတ်ရှုပ်ထွေးနေချိန်မျိုးမှာ ချောကလက် စားသုံးပေးသင့်ပါတယ်။
(၅) ပြတင်းပေါက် ဒါမှမဟုတ် ဝရန်တာမှာ ထိုင်ပါ
ပြတင်းပေါက် ဒါမှမဟုတ် ဝရန်တာမှာထိုင်ပြီး ပတ်ဝန်းကျင်က လတ်ဆတ်သန့််ရှင်းတဲ့လေနဲ့ အပြင်ဘက်ကို စိတ်လွတ်လက်လွတ် ငေးမောကြည့်ရှုလိုက်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့စေမှာပါ။
Ref. ifehacks.io