အကြည့်ချင်ဆုံး ဇာတ်ကားတကား ဒါမှမဟုတ် ဇာတ်လမ်းတွဲကို မကြည့်ရသေးခင်မှာ တခြားတယောက်ဆီက ဇာတ်လမ်းအပိုင်းအစဖြစ်ဖြစ်၊ ဇာတ်သိမ်းပိုင်းဖြစ်ဖြစ် သိလိုက်ရရင် ဘယ်လိုခံစားရမလဲ။ လုံးဝမျှော်လင့်ထားခဲ့ ပြီးမှ ကိုယ်မကြည့်ရသေးခင် ကြည့်ပြီးသားသူက ပြောလိုက်တာကြားရင်ကို အနည်းနဲ့အများတော့ စိတ်ဆိုးဒေါသ ထွက်ကြမှာပဲလေ။
ဒါဆို ရုပ်ရှင်ခရေဇီတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Spoiler တွေကို အလွယ်ကူဆုံး ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
ပထမဆုံးနည်းလမ်းကတော့ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး ပြတဲ့အချိန်မှာ လက်မလွတ်တမ်း ကြည့်နိုင်အောင် ကြိုးစားပါ။ သူများပြောမှ ကြားရတာထက် ကိုယ်လည်း တချိန်တည်းကြည့်ထားရင် အဆင်ပြေပါတယ်။ ဒါကြောင့် ကိုယ်ကြည့်နေကျ ဇာတ်လမ်းတွဲဆိုလည်း လာတဲ့အချိန်မှာ ကြည့်နိုင်အောင် ပြင်ဆင်ထားပါ။ ရုပ်ရှင်ဆိုလည်း ပထမဆုံးရုံတင်ရက်မှာ ကြည့်နိုင်အောင် ကြိုးစားပြီး လက်မှတ်ကြိုဝယ်ထားတာလောက်တော့ အားထုတ်သင့်ပါတယ်။
အပေါ်ကနည်းလမ်း အထမမြောက်ခဲ့ရင် ဒုတိယနည်းအနေနဲ့ သင့်လက်ကိုင်ဖုန်းနဲ့ ခပ်ဝေးဝေးနေပါ။ သူငယ် ချင်းက လှမ်းပြောတာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတာဖြစ်ဖြစ် Spoiler တွေ့သွားနိုင်လို့ စိတ်မညစ် ရအောင် မကြည့်ရသေးခင်ထိ ဖုန်းကိုအတတ်နိုင်ဆုံးမသုံးဘဲ နေသင့်ပါတယ်။ ဖုန်းမှာ Spoiler ကို ပိတ်ပင်နိုင် တဲ့ Apps တွေများများစားစားမရှိဘူးဆိုပေမယ့် Twitter မှာတော့ Spoiler Block လုပ်နိုင်တဲ့နည်းလမ်းတွေရှိလို့ အဆင်ပြေပါတယ်။
တတိယနည်းကတော့ သူငယ်ချင်းတွေကို ကြိုပြောထားပါ။ သင်ကြည့်နေကျဇာတ်လမ်းတွဲ ဒါမှမဟုတ် အကြိုက်ဆုံးရုပ်ရှင် မကြည့်ရသေးလို့ Spoiler တွေလာမပို့ကြဖို့ သူတို့ကို ကြိုပြောထားသင့်ပါတယ်။ တကယ်လို့များ ကျောင်းစာသင်ခန်းထဲမှာ လူစုံလို့ပြောချင်ရင်တောင် သူတို့အချင်းချင်းလောက်ပဲ ကြားနိုင်မယ့်အသံနဲ့ ဒါမှမ ဟုတ် တခြားနေရာမှာ ထွက်ပြောကြဖို့ ပြောထားပါ။
Facebook, Twitter, Tumblr စတဲ့ဆိုရှယ်မီဒီယာသုံးနေကျသူဆိုရင်တော့ နားလည်မှုမရှိတဲ့သူတွေကြောင့် အနည်းနဲ့ အများတော့ Spoiler မိသွားနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာသုံးရင်း Spoiler မထိရအောင် အသုံး ပြုတဲ့ ကွန်ပျူတာမှာ Twitter အတွက်ဆိုရင် Open Tweet Filter ၊ Tumblr အတွက်ဆိုရင် Tumblr Savior သုံးပြီး မမြင်ချင်တဲ့ စကားလုံးတွေကို Blacklist လုပ်ထားလို့ရပါတယ်။
အမြဲကြည့်နေကျ ဇာတ်လမ်းတွဲ၊ ရုပ်ရှင် နဲ့ဆိုင်တဲ့ Website တွေမှာပါ Spoiler မမိအောင် Unspoiler သုံးထားရင် မမြင်ချင်တဲ့ရုပ်ရှင်၊ ရှိုးတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို ဖျောက်ပေးထားနိုင်ပါတယ်။
ဘယ်လိုပဲ တားဆီးပိတ်ပင်ထားပါစေ Spoiler ဒဏ်ကနေ အနည်းအများတော့ ခံရတာမို့ အရမ်းတော့ အိုဗာဖြစ် နေစရာမလိုပါဘူး။ တခါတလေ Spoiler မိမှာဆိုးတဲ့စိတ်နဲ့ အတင်းဖျက်နေတာနဲ့ ဘယ်ဟာက Spoiler အစစ်မှန် ဘယ်ဟာက အတုဆိုတာတောင် ဝေခွဲမရတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Spoiler လို့ဆိုတိုင်းလည်း အစစ်မှန်လို့ ရာနှုန်းပြည့် မယုံကြည်သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ Spoiler ဆိုတာ တကယ့်ရုပ်ရှင်ခရေဇီတွေအတွက် အိပ်မက်ဆိုးဆိုပေမယ့်လည်း တခါတလေတော့ ဒီလို Spoiler တခုကြောင့် ကြည့်ချင်စိတ်ကို ပိုလို့တောင် တွန်းအားပေးလိုက်ရာရောက်တယ်လို့ စိတ် ပညာရှင်တွေက ဆိုပါတယ်။
ဘယ်လိုပဲဆိုဆို Spoiler တခုကြောင့် သင့်အကြိုက်ဆုံးဇာတ်ကားတကား အရသာ ပျက်သွားလောက်တဲ့ထိ မထိခိုက်ပါဘူး။ သင်ကိုယ်တိုင်လည်း Spoiler တွေကို မကြိုက်သလို သင်ဘက်က လည်း သိရက်သားနဲ့ဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် တခြားသူကို Spoiler မလုပ်မိဖို့ ဂရုပြုသင့်ပါတယ်။
Ref: sweety high