သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာတာနဲ့အမျှ ရာသီဥတုအပူချိန်ဟာလည်း တနှစ်ထက်တနှစ် ပိုမိုပူပြင်းလာတာကို ခံစားမိကြမှာပါ။ မြန်မာနိုင်ငံရဲ့ ရာသီဥတုအပူချိန်ဟာဆိုရင်လည်း အရင်နှစ်တွေထက် ပိုမိုပူပြင်းလာနေတာဖြစ်ပြီး အခုဖော်ပြမယ့် နိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့အပူချိန်ထက် အဆပေါင်းများစွာ ပိုမိုပူပြင်းတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) Libya
ကမ္ဘာ့အပူဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရှိနေတာကတော့ လစ်ဗျားနိုင်ငံဖြစ်ပြီး ရာသီဥတုအပူအချိန် အပြောင်းအလဲများတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ အပူဆုံးကာလမှာ အပူချိန်ဟာ ၄၈ ဒီဂရီဆဲလ်စီးယက်စ် အထိရှိပြီး အအေးလွန်တဲ့ကာလတွေမှာဆိုရင်တော့ မိုင်းနပ်နှစ် အထိရှိပါတယ်။
(၂) Saudi Arabia
ဆော်ဒီအာရေးဗျ နိုင်ငံဟာဆိုရင်တော့ ကမ္ဘာ့အပူဆုံးနိုင်ငံ တနိုင်ငံလည်းဖြစ်သလို ချမ်းသာအကြွယ်ဝဆုံး နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ရာသီဥတုအပူချိန်ဟာ အပူဆုံးကာလမှာ ၅၈ဒီဂရီ ဆဲလ်စီးယက်စ်လောက်အထိ ရှိပေမယ့် နိုင်ငံသားတွေ ရာသီဥတုအပူချိန်ကြောင့် ကျန်းမာရေးထိခိုက်မှုမရှိစေဖို့ ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေ အပြည့်အဝပေးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
(၃) Iran
နွေရာသီမှာ အပူချိန်ပြင်းထန်သလို ဆောင်းရာသီမှာ စံချိန်တင်ရလောက်အောင် အေးစက်လွန်းတာကြောင့် ရာသီဥတုကြမ်းတဲ့ နိုင်ငံလို့လည်း ပြောလို့ရပါတယ်။ အီရန်မှာရှိတဲ့ Dasht-e Lut Desert သဲကန္တာရဟာဆိုရင်တော့ နာဆာကနေ အပူဆုံးနေရတခုအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အမြင့်ဆုံးအပူချိန်ဟာ ၇၀ဒီဂရီ ဆဲလ်စီးယက်စ် အထိရှိပါတယ်။
(၄) Sudan
အာဖရိကမြောက်ဘက်ပိုင်းမှာ တည်ရှိတဲ့ ဆူဒန်နိုင်ငံဟာဆိုရင်တော့ တနှစ်ထက်တနှစ်မြင့်တက်လာတဲ့ အပူချိန်ကြောင့် အပူဆုံးနိုင်ငံစာရင်းဝင်နိုင်ငံ တနိုင်ငံဖြစ်လာနေတာပါ။ အပူဆုံးကာလတွေမှာ ၄၉ ဒီဂရီ ဆဲလ်စီးယက်စ် အထိရှိပြီး စံချိန်တင်အပူချိန်ကတော့ ၅၂ ဒီဂရီ ဆဲလ်စီးယက်စ် အထိရှိပါတယ်။
(၅) Oman
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံလည်း ဖြစ်သလို အပူချိန်အမြင့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အပူချိန်မြင့်တက်တဲ့ နွေရာသီကာလဟာ ၅ လကနေ ၆ လ အထိရှိပြီး အပူဆုံးကာလတွေမှာ ၅၀ကနေ ၅၃ ၇၀ဒီဂရီ ဆဲလ်စီးယက်စ် အထိရှိပါတယ်။
Ref. naijaquest.com