နေ့စဉ် တကိုယ်ရည်သန့်ရှင်းရေးအတွက် မရှိမဖြစ် အသုံးပြုကြတဲ့ ချွေးနံ့ပျောက်ဆေးတွေဟာ ကိုယ်ခန္ဓာပေါ်က အနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး တနေကုန် စိတ်ကြည်လင်လန်းဆန်းစေရုံတင် မဟုတ်ဘဲနောက်ထပ် အံ့သြသင့်စရာ အသုံးချနိုင်တဲ့ နည်းလမ်းတွေရှိနေပါသေးတယ်။
အရင်ကတော့ တံခါးဘောင်တွေ ကျပ်ပြီးဖွင့်လိုက်တိုင်း အသံထွက်နေပြီဆိုရင် ပတ္တာကြားထဲ အမဲဆီထည့်လေ့ ရှိကြပါတယ်။ အမဲဆီအစား ချွေးနံ့ပျောက်စပရေးကို ပတ္တာနှစ်ခုပေါ် ဖျန်းလိုက်ရုံနဲ့လည်း ပြန်ကောင်းသွားပါလိမ့် မယ်။
နောက်ထပ်နည်းလမ်းကတော့ အလှအပရေးရာအတွက် အသုံးဝင်ပါတယ်။ မျက်နှာပေါ်က T ဇုံနဲ့ မျက်လုံး တဝိုက်မှာ အဆီမပြန်ဘဲ သိပ်သိပ်လေးနဲ့လှနေအောင် ချွေးနံ့ပျောက်စပရေးကို Matte ပုံစံသုံးနိုင်တယ်လို့ အကြံပြုသူကတော့ မိတ်ကပ်ပညာရှင်လည်းဖြစ် Revlon Global Artistic Director လည်းဖြစ်တဲ့ ဂူချီဝက်စ်မန်း ပါ။
တခုသတိထားစရာက သင်ဟာ ဝက်ခြံထွက်လွယ်တဲ့ Sensitive Skin ဆိုရင်တော့ မျက်နှာအသားရေနဲ့ တည့်မတည့် စမ်းသပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
မျက်မှန်တပ်သူတွေအတွက် လှုပ်ရှားမှုများလိုက်တာနဲ့ ချွေးထွက်လာတဲ့အခါ အငွေ့ရိုက်ပြီး အမြင်အာရုံဝါးသွား တတ်ပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့ဆိုရင်တော့ ချွေးနံ့ပျောက်ဆေးကို မျက်လုံးကြားက နှာခေါင်းဘယ် ညာနှစ်ဖက်မှာ လိမ်းထားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ခြင်နဲ့ ပိုးမွှားကိုက်လို့ အရေပြားယားယံတဲ့အခါ ချွေးနံ့ပျောက်ဆေးရည်ကို အရေပြားပေါ် ဖျန်းလိုက်ရုံနဲ့ ယားယံတာ သက်သာစေပါတယ်။ အရေပြားပေါက်ပြဲနေတဲ့ အနာမျိုးကိုတော့ အန္တရာယ်ရှိလို့ မဖျန်းသင့်ပါဘူး။
ကလေးငယ်ရှိတဲ့ အိမ်မှာဆိုရင် နံရံတွေမှာ မာကာတွေနဲ့ ခြစ်ရာတွေ ရှိတတ်ပါတယ်။ ဒီလိုခြစ်ရာတွေကို ပြန် မဖျက်တတ်လို့ မိဘတွေစိတ်ညစ်နေရပြီဆိုရင် Aerosol စပရေးဖျန်းပြီး အဝတ်နဲ့သုတ်လိုက်ရုံနဲ့ အလွယ်တကူ ဖျက်နိုင်ပါတယ်လို့ နည်လမ်းပေးပါရစေ။
ဖိနပ်အသစ်တွေစီးတဲ့အခါ အနည်းနဲ့အများတော့ ဖိနပ်ပေါက်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဖိနပ်မစီးခင် ခြေ ဖနောင့်တွေကို ချွေးနံ့ပျောက်ဆေးတောင့် လိမ်းထားရင် ဒဏ်ရာတွေမရနိုင်တော့ပါဘူး။ သတိထားရမှာကတော့ ပေါက်ပြဲနေတဲ့ ဖိနပ်ပေါက်ဒဏ်ရာရှိပြီးသားဆိုရင်တော့ မလိမ်းသင့်တော့ပါဘူး။
အရေးကြီးဧည့်သည်နဲ့ အစည်းအဝေးရှိတဲ့အခါမျိုးမှာ၊ ချစ်သူနဲ့ လျှောက်လည်တဲ့အခါ၊ Gym သွားဆော့တဲ့အခါ မျိုးမှာ လက်ဖဝါးနှစ်ဖက်မှာ ချွေးစေးတွေပြန်ပြီး ချောမနေအောင် အပြင်မထွက်ခင် Gel Type ချွေးနံ့ပျောက်ခရင်မ် လိမ်းသွားလိုက်ပါ။
ရှူးဖိနပ်အမြဲစီးနေကျသူတွေမှာ ခြေထောက်အနံ့ဆိုး ထွက်တတ်ပါတယ်။ ဒီပြဿနာကြောင့် လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ညဘက်အိပ်ရာမဝင်ခင် ခြေထောက်တွေကို သေချာဆေးကြောပြီး ချွေးနံ့ ပျောက်ဆေးခရင်မ်လူးပြီး အိပ်ပါ။ သက်သာသွားပါလိမ့်မယ်။
ရက်အတော်ကြာ ခေါင်းမလျှော်မိတဲ့အခါမျိုးမှာ ဦးရေပြား အဆီထွက်ပြီး စေးကပ်လာတတ်ပါတယ်။ ဒါဟာ တဖက်လူ အတွက်တော့ သင့်တကိုယ်ရည်သန့်ရှင်းရေးကို မေးခွန်းထုတ်စရာပါ။ အကြောင်းကိစ္စတခုကြောင့် ခေါင်းမလျှော်မိခဲ့ရင် ချွေးနံ့ပျောက်ဆေးတောင့်ကို ဆံပင်အစပ်နေရာတွေလိမ်းပေးပြီး အဖျားပိုင်းကိုတော့ ချွေးနံ့ပျောက်စပရေးဖျန်းလိုက်ရင် သက်သာသွားပါလိမ့်မယ်။
Ref: Bestie