အိမ်အထဲမှာရော အိမ်အပြင်မှာပါ ပုရွက်ဆိတ်တွေ တရွရွနဲ့ သွားနေတာဟာ စိတ်ညစ်ညူးစရာကောင်းပါတယ်။ တချို့တွေဟာ အဝတ်မှာ ကပ်နေတတ်ပြီး လူတွေကို ကိုက်လေ့ရှိပါတယ်။ ဒီလို အမြဲ စိတ်ဒုက္ခပေးနေတဲ့ ပုရွက်ဆိတ်တွေကို အိမ်ကနေ အပြီးထုတ်လို့ ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) မြေဖြူ
ပုရွက်ဆိတ်တွေ လာနေကျ လမ်းမှာ မြေဖြူနဲ့ စည်းတားပါ။ မြေဖြူမှာ ပါဝင်တဲ့ ကယ်လ်စီယမ် ကာဗွန်နိတ် ဓာတ်ဟာ ပုရွက်ဆိတ်တွေနဲ့ ဓာတ်မတည့်ပါဘူး။ ပန်းခြံတွေမှာ ပက်ကျိတွေနဲ့ ပုရွက်ဆိတ်တွေ မလာအောင် မြေဖြူမှုန့် ဖြူးပြီး ကာကွယ်နိုင်ပါတယ်။
(၂) ဂျုံမှုန့်
ပုရွက်ဆိတ်တွေနဲ့ အခြားအင်းဆက်တွေကို မောင်းထုတ်နိုင်မယ့် အကောင်းဆုံးနည်းလမ်း နောက်တခုကတော့ ဂျုံမှုန့်ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ မြေဖြူကို အသုံးပြုသလိုပဲ ဂျုံမှုန့်ကိုလည်း ပုရွက်ဆိတ်တွေ လာတဲ့ လမ်းတလျှောက်ဖြူး ထားလိုက်ရုံပါပဲ။
(၃) သံပရာသီး
သံပရာသီးဟာ ပုရွက်ဆိတ်အပါအဝင် အခြားအင်းဆက်တွေကို မောင်းထုတ်တဲ့ နေရာမှာ အသုံးအရမ်းဝင်ပါတယ်။ ပုရွက်ဆိတ်တွေ လာနေကျ လမ်းမှာ သံပရာသီးကို ညစ်ထားရုံပါပဲ။ နောက်ပြီး သုံရာသီး အခွံကိုလည်း ချထားနိုင်ပါတယ်။
(၄) အခြားအရာများ
ပုရွက်ဆိတ်တွေ သင့်အိမ်ကို ဝေးဝေးရှောင်သွားအောင် အသုံးပြုလို့ ရတဲ့ ပစ္စည်းတွေကတော့ လိမ္မော်သီး၊ ငရုတ်ကောင်း၊ ဆား နဲ့ ရှာလကာရည်တို့ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ပုရွက်ဆိတ်တွေ လာရာလမ်းတလျှောက်နဲ့ ကျင်းထဲကို ရှာလကာရည် လောင်းနိုင်ပါတယ်။ ရှာလကာရည်ရဲ့ အနံ့ဟာ ပြင်းလွန်းတာကြောင့် ပုရွက်ဆိတ်တွေ ခံနိုင်ရည်မရှိပါဘူး။
Ref;RD