နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ပျောက်ဆုံးလာတဲ့ ပစ္စည်းတွေ အများကြီး ရှိလာပါတယ်။ လက်ကိုင်ဖုန်းတွေ ပေါပေါများများ သုံးလာနိုင်ပြီးတဲ နောက်မှာ ပြက္ခဒိန်၊ နာရီ စတဲ့ ပစ္စည်းတွေကို သီးသန့် ဝယ်သုံးသူတွေကို နည်းလာတာ အားလုံးမျက်မြင်ပါပဲ။
ဒါကြောင့် နောက် ၁၀နှစ် အတွင်းမှာ အသုံးပြုသူ မရှိလောက်တော့မယ့် ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြိုးဖုန်း
ကြိုးဖုန်းတွေကို လုပ်ငန်းခွင်တွေမှာ အသုံးပြုနေဆဲ ဆိုပေမယ့် နောက် ၁၀နှစ်မှာ ဆိုရင်တော့ ဆက်ပြီး သုံးဖို့ မသေချာတော့ပါဘူး။ အမေရိကန်နိုင်ငံမှာတောင် ကြိုးဖုန်းကို အသုံးပြုနေဆဲ ဖြစ်တဲ့ လူဦးရေဟာ ၄၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။
(၂) နှိုးစက်
အရင်ကတော့ နှိုးစက်တွေဟာ အိမ်တိုင်းမှာ အရေးပါတဲ့ ပစ္စည်းတခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးဟာ စမတ်ဖုန်း ကိုင်လာနိုင်ပါပြီ။ စမတ်ဖုန်းမှာပါတဲ့ နှိုးစက်စနစ်ဟာ ရွေးချယ်စရာတွေများလွန်းတာကြောင့် နှိုးစက်ကို သီးသန့် အသုံးပြုသူ နည်းပါးလာပါပြီ။
(၃) DVD စက်
ရုပ်ရှင်အဟောင်းတွေကို ကြည့်ဖို့နဲ့ အမှတ်တရ ဗီဒီယိုတွေကို ကြည့်ဖို့လောက်ပဲ အသုံးဝင်တော့တဲ့ DVD စက်တွေဟာ နောက် ၁၀နှစ်မှာ ရှိဖို့ မသေချာတော့ပါဘူး။ Netflix လိုမျိုး ရုပ်သံလိုင်းတွေ ပေါများလာတဲ့ အပြင် ရုပ်ရှင်တွေကိုလည်း Download ဆွဲပြီးတော့ ကြည့်တာ များလာပြီ ဖြစ်ပါတယ်။
(၄) ဓာတ်ပုံ အယ်လ်ဘမ်
အရင်ကတော့ ဓာတ်ပုံရိုက်ပြီးရင် ဓာတ်ပုံဆရာ ဓာတ်ပုံပေးမယ့် နေ့ကို စောင့်မျှော်ရပြီး ရလာတဲ့ အခါမှာ အယ်လ်ဘမ်ထဲမှာ တရိုတသေ သိမ်းလေ့ရှိကြပေမယ့် အခုအချိန်မှာတော့ ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်ကြတာ ဖြစ်လို့ ဓာတ်ပုံအယ်လ်ဘမ်တွေဟာ နေရာပျောက်သလို ဖြစ်နေပါပြီ။
(၅) MP3 players
ငယ်ငယ်က MP3 players ထဲကို သီချင်းတွေသွင်းဖို့ ဆိုင်သွားခဲ့ရပြီး နားကြပ်နဲ့ နားထောင်ရင်း ပျော်ခဲ့ကြပါတယ်။ ဖုန်းတွေ အဆင့်မြင့်လာတဲ့ နောက်ပိုင်းမှာ လူတော်တော်များများဟာ Youtube စတဲ့ နေရာတွေကပဲ သီချင်းတွေကို တိုက်ရိုက်နားထောင်ကြသလို အခုအချိန်မှာဆိုရင် သီချင်းစိတ်ကြိုက် Download ဆွဲပြီး နားထောင်လို့ ရတဲ့ Streaming Applications တွေကိုသာ အသုံးပြုကြပါတော့တယ်။
Ref;RD