သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လူတဦးရဲ့ သက်တမ်းတလျှောက်မှာ ငိုကြွေးခြင်းကြောင့် ကုန်ဆုံးသွားတဲ့ မျက်ရည်ဟာ ၁၆.၅ ဂါလန်ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကြောင့် ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့လည်း ထပ်မံလေ့လာတွေ့ရှိခဲ့ကြပြီး လမ်းခွဲလိုက်တဲ့ ရည်းစားဟောင်းကြောင့် စိတ်ခံစားမှုတွေ ပြင်းပြင်းထန်ထန်နဲ့ ငိုကြွေးလိုက်ခြင်းဟာဆိုရင် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သုတေသန လေ့လာမှုတွေအရ သိရပါတယ်။
ကိုယ်အလေးချိန်ကို မြင့်တက်စေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှုကြောင် Cortisol ဟော်မုန်းပမာဏ မြင့်တက်လာရခြင်းဟာ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ လူအများစုဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေ ပြုလုပ်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာကိုတော့ မေ့လျော့ထားလေ့ရှိကြပါတယ်။
အစားအသောက် စားသုံးမှုပုံစံနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ဂရုတစိုက် ပြုလုပ်ကြသလိုပဲ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတို့ကြောင့် ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကိုလည်း ဂရုစိုက်သင့်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ ဒီလေ့လာတွေ့ရှိချက်ဟာဆိုရင်တော့ စိတ်ခံစားမှုအတိုင်း ဖွင့်ဟငိုကြွေးလိုက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အပြင် Stress Level ကိုလည်း ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။
ပြတ်သွားတဲ့ ရည်းစားဟောင်းကြောင့် ခံစားချက်တွေ ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို မြင့်တက်စေတဲ့ Cortisol ပမာဏကို ကျဆင်းစေနိုင်ပြီး ငိုကြွေးဖို့ အသင့်တော်ဆုံးအချိန်ကတော့ ည ၇ နာရီကနေ ၁ အတွင်းဖြစ်တယ်လို့တောင် သတ်မှတ်ထားကြပါသေးတယ်။
ဒီလို ခံစားချက်တွေ ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းဟာ မျက်ရည်ထဲမှာ ပါဝင်တဲ့ Prolactin,Leu-Enkephalin, Adrenocorticotrophin ဓာတ်တွေဟာ Cortisol ပမာဏကို ကျဆင်းစေပြီး စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေကာ စိတ်ကို ကြည်လင်သွားစေနိုင်ပါတယ်။
ရည်းစားဟောင်းနဲ ပတ်သက်တဲ့ ခံစားမှုတွေကို မျိုသိပ်ပြီးခံစားနေရခြင်းထက် ခံစားချက်တွေကို ဖွင့်ထုတ်ပြီး ငိုကြွေးလိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတာကြောင့် ဒီလေ့လာတွေ့ရှိမှုအသစ်က ရည်းစားဟောင်းကြောင့် ခံစားနေရသူတွေအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
Ref. www.brightside.me