Trend

ထမင်းရည်ရဲ့ ကောင်းကျိုးများ

Want create site? Find Free WordPress Themes and plugins.

ရှေးယခင်က မြန်မာနိုင်ငံက အိမ်တိုင်းနီးပါးမှာ ထမင်းကို ရေငှဲ့ချက်လေ့ရှိကြပါတယ်။ လျှပ်စစ်ထမင်းပေါင်းအိုးတွေ အသုံးများလာပြီးနောက်မှာ ပိုမို သက်သာတဲ့ နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ လျှပ်စစ်ပေါင်းအိုးနဲ့ ထမင်းချက်တဲ့အခါ ထမင်းရည် မရတော့ပါဘူး။ ဒါပေမဲ့ ထမင်းရည်ဟာ နည်းလမ်းပေါင်းများစွာ ကောင်းကျိုးတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ထမင်းချက်ရင်း ရတဲ့ ထမင်းရည်ရဲ့ ကောင်းကျိုးတွေ ကို ဖော်ပြပေးချင်ပါတယ်။

(၁) မျက်နှာ သန့်စင်ဆေး

ထမင်းရည်နဲ့ မျက်နှာကို သန့်ရှင်းရေးလုပ်တဲ့အခါ မျက်နှာ အသားအရေဟာ နူးညံ့ပြီး တောက်ပလာမယ်လို့ သိရပါတယ်။ ထမင်းရည် အနည်းငယ်ကို ဂွမ်းစမှာ စွတ်ပြီး မျက်နှာကို နှိပ်နယ်နိုင်ပါတယ်။ မျက်နှာအသားအရေကို ကောင်းမွန်စေပြီး မျက်နှာမှာရှိတဲ့ အပေါက်တွေကို သက်သာစေပါတယ်။ ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

(၂) နှင်းခူ

ထမင်းရည်ဟာ နှင်းခူကြောင့် ဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။ အဝတ်စ တခုကို ထမင်းရည် စွတ်ပြီး နှင်းခူဖြစ်နေတဲ့ အရေပြားပေါ်ကို သုတ်လိမ်းပေးပြီး အခြောက်ခံလိုက်ပါ။

(၃) နေလောင်ဒဏ်

ထမင်းရည်ဟာ နှင်းခူကိုတင်မက နေလောင်ဒဏ်ကိုပါ သက်သာစေပါတယ်။ ထမင်းရည်ဟာ အရေပြားမှာ ဖြစ်နေတဲ့ အသားအရေ နီမြန်းခြင်းတွေကို သက်သာစေပြီး အသားအရေကို အေးမြစေပါတယ်။ ထမင်းရေကို ရေခဲသေတ္တာမှာ အခဲခံပြီး နေလောင်တဲ့ နေရာကို လိမ်းပေးလို့လည်း ရပါတယ်။

(၄) ဆံပင်

ထမင်းရည်နဲ့ ခေါင်းလျှော်ခြင်းဟာ ဆံပင်ကို ဖြောင့်စင်းစေပြီး ဆံသားကို ကျန်းမာစေပါတယ်။ ဆံပင်ကို လျှော်နေကျပုံစံအတိုင်း လျှော်ပါ။ ခေါင်းလျှော်နဲ့ ဆံပင်ပေါင်းဆေးတွေကို အသုံးပြုပြီးရင် ထမင်းရည်နဲ့ တဆင့်လျှော်ပြီး ရေနဲ့ ပြန်ဆေးချပါ။

Ref. tiptricks

Did you find apk for android? You can find new Free Android Games and apps.
Loading