Trend

အိမ်မှုကိစ္စတွေ ပြုလုပ်ခြင်းက အသက်ပိုရှည်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

လူတော်တော်များများရဲ့ အတွေးမှာတော့ အိမ်မှုကိစ္စတွေ ပြုလုပ်ခြင်းဟာ ပိုက်ဆံလည်း မရသလို ကျန်းမာရေးအတွက်လည်း ဘာအထောက်အကူမှ မဖြစ်စေနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ တံမြက်စည်း လှည်းကျင်းခြင်း၊ ပန်းကန်ဆေးခြင်း စတဲ့ အိမ်မှုကိစ္စတွေကို ပြုလုပ်ခြင်းဟာ အသက်ပိုရှည်စေနိုင်တယ်လို့ သိရပါတယ်။

ဒီလေ့လာမှု စစ်တမ်းအတွက် အသက် ၆၃ နှစ်နဲ့ ၉၉ နှစ်ကြား အမျိုးသမီး ၆၀၀၀ ခန့်ရဲ့ တနေ့တာ လှုပ်ရှားသွားလာမှုနဲ့ ကျန်းမာရေးစစ်တမ်းတွေကို အခြေခံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရ အိမ်မှုကိစ္စတွေကို တနေ့မှာ နာရီဝက်ခန့် ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ သာမန်ထက် ပိုပြီး ကျန်းမာရေးကောင်းမွန်ကြတဲ့အပြင် အရွယ် မတိုင်မီ သေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းခန့် လျော့ကျစေပြီး အသက်ရှည်နိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်လ့ိုလည်း သိရပါတယ်။

များမြောင်လှတဲ့ အိမ်မှုကိစ္စတွေထဲကမှ ပန်းကန်ဆေးခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်ဆိုတာကို ထပ်မံလေ့လာတွေ့ရှိခဲ့ရပြီး စိုးရိမ်ပူပန်မှုများခြင်းကို ၂၇ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။ ပန်းကန်ဆေးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာဆီရနံ့နဲ့ အေးမြတဲ့ ရေအထိအတွေ့တို့ဟာ တဒင်္ဂ ဖြစ်ပေါ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေတာပါ။

အိမ်မှုကိစ္စတွေထဲက တခုဖြစ်တဲ့ ပန်းကန်ဆေးခြင်းဟာ ပန်းကန်ဆေးနေတဲ့အခါ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်မိတတ်တာကြောင့် စိတ်ပင်ပန်းမှုကို လျော့ပါးသက်သာစေပြီး စိတ်ကူး စိတ်သန်းတွေကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

အိမ်မှုကိစ္စတွေ ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်တခုလုံးဟာ လှုပ်ရှားနေရတာဖြစ်တဲ့အတွက် အားကစားခန်းမတွေဆီ သွားစရာ မလိုဘဲ သင့်ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေမှာလည်း အသေအချာပါပဲ။ တနေ့တာ အညောင်းထိုင်ရသူတွေအနေနဲ့လည်း အိမ်ပြန်လာတဲ့အခါ အိမ်မှုကိစ္စတွေကို ကူညီလုပ်ကိုင်လိုက်ခြင်းဟာ ညောင်းညာမှုတွေကို ပြေပျောက်စေနိုင်တဲ့အပြင် ကယ်လိုရီလောင်ကျွမ်းမှုကို ကူညီပေးမှာ ဖြစ်ပါတယ်။

Ref. www.brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading