Trend

မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ "ပိုးဟပ် Challenge" လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေ

Want create site? Find Free WordPress Themes and plugins.

လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ အမျိုးမျိုးသော Challenge တွေထဲမှာမှ အခုဖော်ပြပေးမယ့် “Cockroach Challenge” လို့ခေါ်တဲ့ ပိုးဟပ်အရှင်ကို မျက်နှာပေါ်တင် ဓာတ်ပုံအရိုက်ခံပြီး ဆိုရှယ်မီဒီယာပေါ်တင်ကာ Challenge ခေါ်တဲ့ ဒီပိုးဟပ် Challenge ဟာတော့ အနည်းငယ် အသည်းယားစရာကောင်းသလို လူတိုင်း လိုက်မလုပ်နိုင်တဲ့ Challenge တခုလည်း ဖြစ်ပါတယ်။

ပိုးဟပ်အရှင်ကို မျက်နှာပေါ်တင်ပြီး Selfie ဆွဲထားတဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံက Alex Aung လို့ခေါ်တဲ့ အကောင့်ပိုင်ရှင်ကနေ ဧပြီလ ၂၀ ရက်နေ့မှာ New challenge, Can you do this? ဆိုပြီး Challenge ခေါ်ထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဒီ Challenge ဟာ လက်ရှိအချိန်မှာတော့ Reaction ပေါင်း ၅၆၀၀ နဲ့ Share ၁၈၀၀၀ ကျော် ရရှိခဲ့ပြီး ဒီ Cockroach Challenge ကို အာရှနိုင်ငံတော်တော်များများက လတ်တလောမှာ လိုက်လံပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

“ပိုးဟပ်” လို့ ဆိုလိုက်တာနဲ့ အင်မတန်ညစ်ပတ်တဲ့ အင်းဆက်တမျိုးဖြစ်တာကြောင့် ဓာတ်ပုံတွဲရိုက်မယ့်အစား ကိုင်တွယ်ကြည့်ဖို့တောင် တော်တော်စဉ်းစားယူရတာမျိုး ဖြစ်ပေမယ့် ဒီ Challenge ဟာ လတ်တလောမှာတော့ အာရှနိုင်ငံတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံံတွေမှာတော့ ရေပန်းစားနေတယ်လို့ ပြောလို့ရပါတယ်။

ပိုးဟပ်တွေဟာ ညစ်ညမ်းပြီး အနံ့အသက် မကောင်းတဲ့ ပတ်ဝန်းကျင်မှာသာ ကျင်လည် ကျက်စားတာကြောင့် ပိုးဟပ်တွေကို ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေ မကိုင်တွယ်သင့်သလို အရေပြား ဓာတ်မတည့်မှုဖြစ်တတ်သူတွေအနေနဲ့လည်း ကိုင်တွယ်ကြည့်ဖို့ မသင့်ပါဘူး။

ဒါပေမယ့်လည်း Challenge လို့ဆိုလိုက်တာနဲ့ လိုက်လံပြုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေထဲက အမျိုးသမီးတဦးကတော့ ပိုးဟပ်အရှင် တကောင်တည်းတင် မဟုတ်ဘဲ ၈ ကောင်ခန့်ကို မျက်နှာပေါ်တင်ကာ ဓာတ်ပုံရိုက်တင်ခဲ့တာကြောင့် ပိုးဟပ် Challenge ရဲ့ Legend ဖြစ်နေပါတယ်။

လူတော်တော်များများကတော့ ဒီ ပိုးဟပ် Challenge ကို “ရူးနှမ်းတယ်၊ အဓိပ္ပာယ် မရှိဘူး”လို့ ဝေဖန်မှုတွေရှိနေပေမယ့် လတ်တလောမှာတော့ Cockroach Challenge ဟာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ လိုက်လံပြုလုပ်ကြည့်ဖို့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။

Ref. www.odditycentral.com

Did you find apk for android? You can find new Free Android Games and apps.
Loading