အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ လန်ဒန်က မော်ဒယ် Lisa Snowdon ဟာ ကိုယ်အလေးချိန် ကျဆင်းဖို့ အတွက် တူကို အသုံးပြုပြီး အစားစားခဲ့တယ်လို့ သိရပါတယ်။ ဇွန်းကို အသုံးပြုပြီး အစားစားတဲ့အခါ အစားတွေ အများကြီး စားဖြစ်တာကြောင့် ကိုယ်အလေးချိန် တက်လာတဲ့အတွက် တူကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
မဂ္ဂဇင်းတခုက ပြုလုပ်တဲ့ အင်တာဗျူးမှာ သူမက “ကျမက ဗိုက်ဆာတဲ့အခါ လောဘတကြီးနဲ့ အများကြီး စားမိတယ်။ ဇွန်းနဲ့ အစားစားရတာ လွယ်တော့ စိတ်အလို လိုက်မိတာပေါ့။ ဒီလို မဖြစ်ရအောင် ဇွန်းအစား တူကို သုံးခဲ့တာပါ။ တူကို သိပ်မကိုင်တတ်တော့ နည်းနည်းနဲ့ ကြာကြာစားရတယ်လေ” လို့ ဆိုပါတယ်။
၂၀၀၀ ပြည့်နှစ်တွေက မင်းသားကြီး George Clooney နဲ့ တွဲခဲ့တဲ့ Lisa ဟာ အခုတော့ စီးပွားရေး လုပ်ငန်းရှင်တဦးနဲ့ စေ့စပ်ထားပြီဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ကြီးမားတဲ့ စိတ်ကျရောဂါကို ခံစားရပြီးတဲ့နောက်မှာ လေ့ကျင့်ခန်းက သူမရဲ့ အဖော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟော်မုန်းတွေ ပုံမှန်းအတိုင်းဖြစ်ဖို့ အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ လိုအပ်ပြီး အစားရှောင်ဖို့လည်း လိုအပ်တာကြောင့် အခုလို တူနဲ့ အစားအစားတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
Lisa ရဲ့ ချစ်သူက သူမကို ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူမရဲ့ စိတ်ပိုင်းဆိုင်ရာက တော်တော်တည်ငြိမ်လာတယ်လို့ သူမက ဆိုပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ နေရတာပိုပျော်လာတယ်။ ဝိတ်ပြန်တက်ရင် ကျမက တူနဲ့ အစားပြန်စားတယ် လို့ အင်တာဗျူးတွေမှာ ဖြေလေ့ ရှိပါတယ်။
သူငယ်ချင်းဘဝက အဆင့်တက်လာခဲ့တဲ့ သူမရဲ့ အချစ်ရေးက အဆင်ပြေနေပြီး လက်ထပ်တဲ့ အချိန်မှာ ကိုယ်အလေးချိန်ကို ဆက်ထိန်းဖို့ အတွက် တူနဲ့ အစားစားတဲ့ နည်းလမ်းကို ဆက်ပြီး အသုံးပြုဦးမယ်လို့ သိရပါတယ်။
Ref;Dailymail