အခုလို နွေရာသီ ကာလမှာ ရာသီဥတု ပူပြင်းလွန်းတာကြောင့် လက်နဲ့ခြေထောက်မှာ ချွေးထွက်များပြီး လက်ဆီ၊ ခြေဆီတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသူတွေအတွက် လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းကောင်းတချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) အာလူး
အာလူးကို အချပ်လိုက် ခပ်ပါးပါး လှီးပြီး လက်ဆီ၊ ခြေဆီ ထွက်လွန်းတဲ့ လက်ဖဝါးနဲ့ ခြေဖဝါး တဝိုက်ကို ၁၀ မိနစ်ခန့် ပွတ်ပေးပါ။ ပြီးရင်တော့ ရေနဲ့သေချာ ပြန်လည် ဆေးကြောပေးလိုက်ရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကို ရရှိစေမှာပါ။
(၂) မုန့်ဖုတ်ဆိုဒါ (Baking soda)
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေခပ်နွေးနွေးနဲ့ ခပ်ပျစ်ပျစ် အနေအထား ရအောင် ရောစပ်ပြီး လက်နဲ့ ခြေထောက်တွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ကြာအောင် ထားပေးပြီးမှ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ မုန့်ဖုတ်ဆိုဒါမှာ ပါဝင်တဲ့ Alkaline ဓာတ်ဟာ လက်ဆီ၊ ခြေဆီ ထွက်ခြင်းကို ထိထိရောက်ရောက် သက်သာစေနိုင်တာကြောင့် ဒီနည်းလမ်းအတိုင်း မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။
(၃) ရေခဲရေ
ဒီနည်းလမ်းဟာဆိုရင်တော့ လွယ်ကူပြီး ထိရောက်မှုလည်းရှိတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ လက်ဆီ၊ခြေဆီ ထွက်လွန်းတဲ့ လက်နဲ့ ခြေထောက်ကို ရေခဲရေထဲမှာ ၁၅ မိနစ်ခန့် စိမ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။
(၄) ပန်းသီး ရှာလကာရည်
ပန်းသီး ရှာလကာရည်ဟာ ချွေးပေါက်ကျဉ်းစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် ချွေးထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ လက်နဲ့ခြေထောက်မှာ ပန်းသီးရှာလကာရည်ကို လိမ်းကျံပေးခြင်းအားဖြင့် လက်ဆီ၊ ခြေဆီထွက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅) Tea bags
ရေနွေးကြမ်းသောက်ပြီးတဲ့အခါ လွှင့်ပစ်လေ့ရှိတဲ့ Tea bags အထုပ်ငယ်လေးတွေဟာ လက်ဆီ၊ခြေဆီထွက်ခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။ လက်ဆီ၊ ခြေဆီ ထွက်တဲ့နေရာကို Tea bags ထုပ်လေးတွေနဲ့ ကပ်ပေးတာမျိုးနဲ့ Tea bags စိမ်ထားတဲ့ ရေခပ်နွေးနွေးထဲကို လက်နဲ့ခြေထောက်စိမ်ပေးတာမျိုးက သက်သာပျောက်ကင်းစေမှာပါ။
Ref. timesofindia.indiatimes.com