“Game of Thrones”, “The Avengers”, “Avatar”, “The Lord of the Rings” စတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေမှာ ပါဝင်တဲ့ တချို့သော နေရာတွေဟာ ထူးဆန်း အံ့အားသင့်စရာကောင်းလောက်အောင် လှပလွန်းတာကြောင့် အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ထင်မြင်ကောင်း ထင်နိုင်ပါတယ်။
ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာတွေဟာ အသက်ရှုမှားလောက်စရာ လှပ ဆန်းကြယ်လွန်းတဲ့ နေရာတွေကို နည်းပညာ အကူအညီနဲ့ပဲ ပုံဖော်ထားကြတာတော့ မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် နေရာတွေဟာဆိုရင်တော့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေထဲက အံ့အားသင့်စရာ ဇာတ်ဝင်ခန်းတွေထဲက အတိုင်း အပြင်မှာ တကယ်ရှိတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
(၁) နာမည်ကျော် Avatar ရုပ်ရှင်ဇာတ်ကားထဲက အံသြမှင်သက်စရာ ကောင်းလောက်အောင် လှပဆန်းကြယ်လွန်းတဲ့ The Tree of Souls သစ်ပင်ဟာ ဂျပန်နိုင်ငံ Ashikaga ပန်းဥယျာဉ်ထဲမှာ တကယ်ပဲ တည်ရှိပါတယ်။
(၂) လတ်တလော ရုပ်ရှင်ပရိသတ်တွေကြား ရေပန်းစားနေပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နာမည်ကျော် Game of Thrones တီဗီစီးရီးထဲက ဘုရင့်နေပြည်တော် Kings Landing ဟာဆိုရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်သွားလာမှု အများဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ Croatia နိုင်ငံ၊ Dubrovnik မြို့မှာ တည်ရှိပါတယ်။
(၃) Ghibli studio ကနေ ရိုက်ကူးတဲ့ “Spirited Away” Animation ရုပ်ရှင်ကို Animation ချစ်သူတိုင်း ကြည့်ဖူးကြမှာပါ။ ဒီထဲမှာပါဝင်တဲ့ ရေချိုးအိမ်ကြီးဟာဆိုရင်တော့ ဂျပန်နိုင်ငံ Nagano မြို့က Rekishi-no-yado Kanaguya ဟိုတယ်ပုံစံအတိုင်း ရေးဆွဲရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၄) ကလေးလူကြီးမရွေးရဲ့ ကြိုက်နှစ်သက်အားပေးမှုကို ရရှိထားတဲ့ ကမ္ဘာကျော် Disney ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ နာမည်ကျော်ကာတွန်းရုပ်ရှင် “Up” ဇာတ်ကားထဲမှာ ပါဝင်တဲ့ Paradise-Falls ရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ရုပ်ရှင်ထဲကအတိုင်း လှပဆန်းကြယ်စွာ တည်ရှိနေပါတယ်။
(၅) “Avengers: Infinity War” ရုပ်ရှင်ထဲက နောက်ဆုံးဇာတ်ဝင်ခန်းမှာ Thanos အနားယူတဲ့နေရာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လှပဆန်းကြယ်လွန်းတဲ့ လှေကားထစ်စိုက်ခင်းတခုက အတိုင်း ဖြစ်ပါတယ်။
Ref. www.brightside.me
You May Also Like These Stories:
ကမ္ဘာပေါ်က အလှဆုံး နိုင်ငံများ
ဥရောပမှာ လူသိနည်းသေးတဲ့ လှပတဲ့မြို့များ
ခရီးသွားတွေ အလာများတဲ့ လာအိုနိုင်ငံ၊ လွမ်ပရာဘွမ်မြို့အနီးက Kaung Si ရေတံခွန်
အာရှတိုက်မှာ ရှိတဲ့ အလှဆုံး နိုင်ငံများ