မုန့်ဖုတ်ဆိုဒါဟာ မုန့်ဖုတ်တဲ့ နေရာအပြင် အခြားနေရာတွေမှာလည်း အသုံးဝင်တာတွေ အများကြီး ရှိပါတယ်။ ဈေးသက်သာပြီး နေရာတိုင်းမှာ ဝယ်ယူရ အဆင်ပြေတဲ့ မုန့်ဖုတ်ဆိုဒါရဲ့ အံ့မခန်း အသုံးဝင်ပုံတွေကို ဖော်ပြချင်ပါတယ်။
(၁) ခြေထောက် ရောင်ရမ်းခြင်း
အသက် ၃၀ ကျော်တွေ အဖြစ်များတဲ့ ခြေထောက် ဖောရောင်ခြင်းတွေကို သက်သာစေနိုင်ဖို့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ရေနွေးနဲ့ ဖျော်ပါ။ ဝါဂွမ်းနဲ့ ခြေထောက်မှာ လိမ်းပြီး အဝတ်တခုခုနဲ့ တညလုံး စည်းထားပါ။ အဲဒီလို ၃ ခါလောက် စည်းလိုက်တယ်ဆိုရင်ပဲ ခြေထောက် ရောင်တာက သိသိသာသာ သက်သာပါလိမ့်မယ်။
(၂) ဆားဝက်ခြံများ
မျက်နှာမှာ ဖြစ်နေတဲ့ ဆားဝက်ခြံတွေကို အချိန်တို အတွင်းသက်သာစေချင်တယ်ဆိုရင် မုန့်ဖုတ်ဆိုဒါကို ရေနွေးထဲထည့်ပြီး အနှစ်ပုံစံဖြစ်အောင် ဖျော်ပါ။ ရေနွေးနဲ့ မျက်နှာကို သစ်ပြီး ဖျော်ထားတဲ့ အနှစ်ကို လိမ်းပါ။ ၃ မိနစ်လောက် ထားပြီး မျက်နှာကို နှိပ်နယ်ပေးပါ။ ပြီးရင် မျက်နှာပြန်သစ်လိုက်ပါ။ ဆားဝက်ခြံတွေ လျော့သွားတာကို တွေ့မြင်ရပါလိမ့်မယ်။
(၃) ပိုးသတ်ဆေးများ ဖယ်ရှားခြင်း
အသီးအနှံတွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားဖို့လည်း မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါသေးတယ်။ သင်ဝယ်ယူလာတဲ့ အသီးတွေကို သန့်ရှင်းလတ်ဆတ်အောင် စားရဖို့ အတွက် မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနွေးထဲထည့်ပါ။ အဲဒီ ရေနွေးရည်ထဲကို အသီးအနှံတွေကို ခဏလောက် စိမ်ထားပြီး ရေဆေးချရုံပါပဲ။
Ref. Brightside
You may also like these stories:
အရေပြား ပြဿနာ အမျိုးမျိုးအတွက် အုတ်ဂျုံမှုန့်ရဲ့ အသုံးဝင်ပုံ
အိမ်မှာ ပြုလုပ်နိုင်တဲ့ အသားအရေ ထိန်းသိမ်းနည်းများ
ပျိုမေတိုင်း သိထားသင့်တဲ့ “မျက်နှာပေါင်းတင်ကပ်ခွာ (Sheet Mask)” အကြောင်း
မိုးရာသီမှာ ဖျားနာခြင်း မဖြစ်ရအောင် လိုက်နာရမယ့် အချက် ၉ ချက်