Trend

ယောကျာ်းလေးတွေကို ကျောင်းစာအပြင် အိမ်မှုကိစ္စတွေပါ သင်ကြားပေးတဲ့ စပိန်နိုင်ငံက စာသင်ကျောင်း

Want create site? Find Free WordPress Themes and plugins.

ထမင်းဟင်း ချက်ပြုတ်တာ၊ အဝတ်လျှော်တာနဲ့ သန့်ရှင်းရေးပြုလုပ်တာ စတဲ့ အိမ်မှုကိစ္စတွေကို များသောအားဖြင့် အိမ်မှာပဲ သင်ကြားပြသပေးလေ့ ရှိကြပါတယ်။ ဒါပေမယ့် စပိန်နိုင်ငံက စာသင်ကျောင်းတခုမှာတော့ အိမ်မှုကိစ္စတွေကို စာသင်ချိန် တချိန်အဖြစ် သတ်မှတ်ပြီး ယောကျာ်းလေးတွေကို သင်ကြားပြသပေးနေတာ ဖြစ်ပါတယ်။ ဒီလိုသင်ကြားပြသပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျား၊ မ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

စပိန်နိုင်ငံံ၊ ဗီဂိုမြို့မှာ ရှိတဲ့ Montecastelo ကျောင်းမှာတော့ ၂၀၁၈ ခုနှစ်ကစပြီး အိမ်မှုကိစ္စတွေကို တခြားသောဘာသာရပ်တွေနည်းတူ စာသင်ချိန်တချိန် သီးသန့်ထားရှိပြီး ယောကျာ်းလေး ကျောင်းသားတွေကို သင်ကြား ပြသပေးနေတာပါ။ ဒီအိမ်မှုကိစ္စ ဘာသာရပ် အတန်းမှာဆိုရင်တော့ မီးပူတိုက်တာ၊ အပ်ချုပ်တာ၊ အစားအစာချက်ပြုတ်တာ စတဲ့ အိမ်မှုကိစ္စ ဝေယျာဝစ္စတွေအပြင် လက်သမား အတတ်ပညာ၊ ရေပိုက်ပြင်ခြင်းနဲ့ လျှပ်စစ်မီးပြင်တဲ့ အတတ်ပညာ စတာတွေကိုပါ ထည့်သွင်း သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အိမ်မှုကိစ္စဘာသာရပ် အတန်းချိန်အတွက် ကျောင်းက ဆရာ၊ ဆရာမတွေသာမက ကျောင်းသား မိဘတွေကလည်း သူတို့တတ်ကျွမ်းရာ အမျိုးအစားအလိုက် သင်ကြားပြသပေးရတာ ဖြစ်ပါတယ်။ ကျောင်းသား တဦးချင်းစီရဲ့ ဖခင်တွေဟာ ဒီအိမ်မှုကိစ္စ အတန်းချိန်တွေမှာ ပါဝင်ပေးရပြီး ဆရာ၊ ဆရာမတွေနဲ့ ကြီးကြပ်ကာ သင်ကြားရတာ ဖြစ်တာကြောင့် ကျောင်းသားမိဘနဲ့ ဆရာ၊ ဆရာမတွေကြား အချင်းချင်း နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးပွားစေတဲ့ အလေ့အကျင့်ကောင်း တခုလည်း ဖြစ်ပါတယ်။

“ဒီလိုသင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ တကိုယ်ရည်စာ စားသောက်နေထိုင်မှုကိစ္စကို သူတို့ကိုယ်တိုင် ပြုလုပ်တတ်သွားအောင်နဲ့ အိမ်မှုကိစ္စဆိုတာဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူးဆိုတာ သိမြင်စေတဲ့ ရည်ရွယ်ချက်ပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ကျား၊ မ ခွဲခြားမှုဆိုတာကို ဆန့်ကျင်တဲ့ သဘောလည်း ပါတာပေါ့”

“သင်ယူရတဲ့ ကျောင်းသားတွေအနေနဲ့လည်း အစပိုင်းမှာ အခက်အခဲတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ သူတို့အသားကျ ပျော်ရွှင်လာကြပါတယ်။ ဘာမှလည်း ခက်ခဲ့တဲ့ကိစ္စ မဟုတ်တဲ့အတွက် စပိန်နိုင်ငံက စာသင်ကျောင်းတိုင်းမှာ အိမ်မှုကိစ္စ သင်ကြားပေးတဲ့ ဘာသာရပ်ကို သင်ကြားပေးနိုင်အောင် တိုက်တွန်းပြုလုပ်သွားမှာပါ”လို့ အိမ်မှုကိစ္စဘာသာရပ်ရဲ့ ဆရာတဦးဖြစ်သူ Gabriel Bravo က အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Ref. www.brightside.me

You may also like these stories:

အမျိုးသမီးတွေရဲ့ ဦးနှောက်က အမျိုးသားတွေထက် ပိုမို နိုးကြားမှု ရှိတယ်

လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ

ယဉ်ကျေးတဲ့သူတွေ မေးလေ့ မရှိတဲ့ စကားများ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading