ရာသီဥတုအခြေအနေ၊ သဘာဝတရား စတာတွေဟာ လူတွေရဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒီလို သက်ရောက်မှုအပေါ် မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကြိုတင် သတိထားနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ သုတေသန လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလေ့လာမှုအရ လူတဦးချင်းစီရဲ့ မွေးဖွားရာ လအပေါ် မူတည်ပြီး ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခြုံငုံပြီး ကြိုတင် သိရှိနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ သင့်မွေးလအလိုက် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင် သတိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဇန်နဝါရီ
ဇန်နဝါရီလ မွေးဖွားသူတွေမှာ အစာအိမ်နာခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ အဖြစ်များတာကြောင့် သတိထားသင့်ပြီး အမျိုးသမီးတွေအနေနဲ့တော့ လစဉ် ရာသီလာစဉ် ကာလကို ဂရုတစိုက် သတိပြု ဆင်ခြင်သင့်ပါတယ်။
(၂) ဖေဖော်ဝါရီ
ဖေဖော်ဝါရီလ မွေးဖွားသူတွေအနေနဲ့ သိုင်းရွိုက်ဂလင်းရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာ၊နှလုံးသွေးကြောပိတ်ရောဂါ စတာတွေကို သတိထားသင့်ပါတယ်။
(၃) မတ်
မတ်လမှာ မွေးဖွားသူတွေကတော့ ပန်းနာရင်ကျပ်ရောဂါ၊ မျက်စိတိမ်စွဲတာ၊ မကြာခဏ ဝမ်းချုပ်တာ၊ နှလုံးကျန်းမာရေးပြဿနာ စတာတွေကို သတိပြုသင့်ပါတယ်။
(၄) ဧပြီ
ဧပြီလ မွေးဖွားသူတွေကတော့ မကြာခဏ လည်ချောင်းနာခြင်းနဲ့ အဆစ်အမြစ် ကိုက်ခဲခြင်း၊ ရင်ကျပ်ချောင်းဆိုးရောဂါ စတာတွေကို ဂရုပြုသင့်ပါတယ်။
(၅) မေ
မေလဖွားတွေအနေနဲ့ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်နဲ့အဆစ်အမြစ်နာကျင်ခြင်းတို့ကို ဂရုစိုက်သင့်ပါတယ်။
(၆) ဇွန်
ဇွန်လဖွားတွေကတော့ ဆီးကျန်းမာရေး ပြဿနာနဲ့ ခါးနာခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း စတာတွေ မကြာခဏ ဖြစ်ပေါ်တတ်တာကြောင့် သတိပြုသင့်ပါတယ်။
(၇) ဇူလိုင်
ဇူလိုင်လ မွေးဖွားသူတွေကတော့ ပန်းနာရင်ကျပ်ခြင်း၊ လည်ချောင်းနာခြင်း၊ လည်ပင်းကျီးပေါင်း စတာတွေကို သတိပြုသင့်ပါတယ်။
(၈) သြဂုတ်
သြဂုတ်လ မွေးဖွားသူတွေကတော့ အရိုးပွရောဂါ ၊ နှလုံးသွေးကြောပိတ် ရောဂါနဲ့ အရိုးအဆစ် ကျန်းမာရေးပြဿနာတို့ကို ဂရုစိုက်သင့်ပါတယ်။
(၉) စက်တင်ဘာ
စက်တင်ဘာလ မွေးဖွားသူတွေအနေနဲ့တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတာတွေနဲ့ နာတာရှည်ရောဂါတွေကို သတိထားသင့်ပါတယ်။
(၁၀) အောက်တိုဘာ
အောက်တိုဘာလ မွေးဖွားသူတွေအနေနဲ့ အမျိုးသမီးတွေမှာ သွေးအားနည်း ရောဂါကို သတိထားသင့်ပြီး သွေးတွင်း ကိုလက်စထရော ပမာဏများခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကို သတိထားသင့်ပါတယ်။
(၁၁) နိုဝင်ဘာ
နိုဝင်ဘာလ မွေးဖွားသူတွေကတော့ အရေပြား ကျန်းမာရေး ပြဿနာတွေနဲ့ သိုင်းရွိုက်ဂလင်း ရောဂါတို့ကို သတိပြုသင့်ပါတယ်။
(၁၂) ဒီဇင်ဘာ
ဒီဇင်ဘာလဖွားတွေ အနေနဲ့ နှလုံးနဲ့ ပက်သတ်တဲ့ ရောဂါဝေဒနာတွေကို အထူးဂရုစိုက်သင့်ပြီး လေပြွန်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို သတိပြုသင့်ပါတယ်။
Ref. brightside.me
You may also like these stories:
ဆယ်ကျော်သက်အရွယ်ကလေးကို တာဝန်ယူတတ်အောင် သင်ကြားပေးရမယ့် အချက်များ
လက်မထပ်ခင် ချစ်သူကို မေးထားသင့်တဲ့ မေးခွန်း ၇ ခု
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝ လက်ဖက်ရည်ကြမ်းများ
ဆွမ်းမွှေးရွက်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ