မေလ တလလုံးနီးပါး မကြာခဏ မီးပြတ်နေတာ ဖြစ်တဲ့အတွက် ဖုန်းတွေ သုံးတာ၊ အိမ်မှာ ရုပ်ရှင်တွေ ကြည့်ရတာ အရသာပျက်နေမှာ အသေအချာပါပဲ။ ငယ်ငယ်က ဆော့တဲ့ ကစားနည်း တော်တော်များများကို မီးပြတ်တဲ့အခါ သူငယ်ချင်းတွေနဲ့ ဆော့လို့ ရပါသေးတယ်။
မီးပြတ်တာက ကမ္ဘာကြီးရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး။ ၁၉၉၀ ခုနှစ်များကလို ပျော်ရွှင်မှုတွေကို မီးပြတ်တဲ့အချိန်မှာ ပြန်လည် ရှာဖွေလို့ ရပါသေးတယ်။ အဆိုးထဲက အကောင်းတွေကို ရှာဖွေနိုင်ဖို့အတွက် မီးပြတ်တဲ့အခါ ပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဂိမ်းဆော့ပါ
မဆော့တော့ဘဲ ချောင်မှာ ပစ်ထားတဲ့ ဂိမ်းတွေကို ပြန်ဆော့ဖို့ အချိန်တန်ပါပြီ။ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူ စစ်တုရင်၊ မိုနိုပိုလီနဲ့ အပျော်တမ်း ဒိုးဇက် ဂိမ်းကစားခြင်းတွေကို မီးပြတ်တဲ့အချိန်မှာ ကစားနိုင်ပါတယ်။
(၂) စကားပြောပါ
ဆိုရှယ်မီဒီယာမှာ Chat တာက အပြင်မှာ စကားပြောတာလောက် ပြောရတာ မကောင်းပါဘူး။ မီးပြတ်သွားတဲ့အခါ အိမ်ရှေ့ ဝရံတာမှာ မိသားစုဝင်တွေ စုစည်းပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောခြင်းက မိသားစုဝင်အချင်းချင်း ရင်းနှီးမှုတွေ ပိုပြီး တိုးလာစေနိုင်ပါတယ်။
(၃) စာဖတ်ပါ
မီးပြတ်တဲ့အခါ လုပ်လို့ရတဲ့ အကောင်းဆုံးနည်းကတော့ စာအုပ်ဖတ်တာပဲ ဖြစ်ပါတယ်။ စာအုပ် ဖတ်ရတာက အချိန်ဖြုန်းလို့ အကောင်းဆုံး နည်းလမ်းဖြစ်သလို ဗဟုသုတလည်း ရပါသေးတယ်။ အရေးကြီးတာကတော့ ညဘက် စာအုပ်ဖတ်တယ်ဆိုရင် ဖယောင်းတိုင်ကို ဂရုစိုက်ဖို့ပဲ ဖြစ်ပါတယ်။
(၄) လေ့ကျင့်ခန်းလုပ်ပါ
ပူပါတယ်ဆို လေ့ကျင့်ခန်းက ဘယ်လို လုပ်နိုင်မှာလဲ ဆိုပြီး စောဒက တက်နိုင်ပါတယ်။ မီးပြတ်တဲ့ ညတွေမှာ စက်ဘီး ထွက်စီးတာ၊ မိတ်ဆွေ ဒါမှမဟုတ် ချစ်ရတဲ့သူနဲ့ လမ်းလျှောက်ရင်း လေညှင်းခံတာတွေ ပြုလုပ်နိုင်ပါတယ်။ အိမ်နီးချင်းတွေနဲ့ မိတ်ဆွေဖွဲ့တာမျိုး၊ ခြံဝန်းထဲမှာ စကားဝိုင်းဖွဲ့ ပြောတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။
(၅) အနုပညာတခုခု ဖန်တီးပါ
မီးပြတ်သွားတဲ့အခါ စိတ်ကူးထဲ ပေါ်လာတဲ့ စာရေးခြင်း၊ ပုံဆွဲခြင်းတွေကို ပြုလုပ်နိုင်ပါသေးတယ်။ သင်က ကျွမ်းကျင်တဲ့ ပညာရှင်ကြီး မဟုတ်ရင်တောင် စိတ်ကူးထဲ ပေါ်တာလေးတွေ ပြုလုပ်နိုင်ပါတယ်။ အရောင် ခြယ်တာ၊ သီချင်းထိုင်စပ်တာ စသဖြင့် စိတ်ထဲရှိတာ ပြုလုပ်ကြည့်ပါ။ ဘာကိုမှ စိတ်မပါရင် သီချင်းနားထောင်ရင်း အိပ်တာမျိုးနဲ့ မီးပြတ်တဲ့အချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။
Ref. wikihow
You may also like these stories:
အကျင့်ဆိုးတွေရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာများ
နေ့စဉ်သုံးပစ္စည်းတွေကို အမှန်တကယ် အကူအညီရအောင် သုံးကြမယ်
ငွေကုန်ကြေးကျ သက်သာစွာနဲ့ စိတ်အပန်းပြေစေမယ့် ဇိမ်ခံနည်း ၅ ခု
အင်္ဂလိပ်စကားပြော မှန်ကန်တတ်မြောက်ဖို့ အရေးပါတဲ့အချက် ၁၀ ချက်