မိခင်တွေဘက်က အဘွားတွေဟာ မြေးတိုင်းရဲ့ အချစ်ကို ခံရတဲ့ အာဂ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ မြေးတွေရဲ့ ဘဝမှာ အရေးပါတဲ့ ကဏ္ဍတွေက ပါဝင်နေပြီး မြေးတွေနဲ့ သဟဇာတအဖြစ်ဆုံး ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒါတွေသာမက သူတို့ဟာ မျိုးရိုးပညာအရ မိန်းကလေးဖြစ်သူ မြေးတွေနဲ့ ရုပ်တူလေ့ ရှိတယ်လို့ သိရပါတယ်။
ဒီလို အဘွားတွေနဲ့ ရုပ်အပြင် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေလည်း ရှိတတ်ပါတယ်။ မိခင်ဘက်က အဘွားဖြစ်သူနဲ့ အချိန်ခဏလေးပဲ နေဖူးခဲ့ရင်တောင် အဲဒီအချိန် ခဏဟာ ဘဝမှာ မေ့မရတဲ့ အချိန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Alejandro Jodorowsky လို့ အမည်ရတဲ့ စာရေးဆရာတဦး ရေးသားထားတဲ့ မျိုးရိုးဇယားအရ “ကိုယ့်ကိုယ့်ကိုယ် ရှာဖွေခြင်း”ဆိုတဲ့ စာအုပ်မှာ မိခင်ဘက်က အဘိုး၊ အဘွားတွေရဲ့ အမူအကျင့်တွေနဲ့ ရုပ်ရည်တွေဟာ မြေးတွေဆီကို တိုက်ရိုက်ရောက်ရှိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ပြောဆိုချက်အရ အဘွားတွေဆီက ရုပ်ပိုင်းဆိုင်ရာ အမွေတွေကို မြေးမိန်းကလေးတွေက ရရှိလေ့ရှိတာဟာ သဘာဝ ဖြစ်ပါတယ်။ တခါတရံမှာ မျိုးရိုးဆိုင်ရာ အမွေအနှစ်တွေဟာ မျိုးဆက် တဆက်ကို ကျော်ပြီးမှ သက်ရောက်တာမျိုးတွေ ရှိတတ်တဲ့အတွက် တချို့ သားသမီးတွေဟာ မိဘအရင်းတွေထက် ဦးလေး၊ အဒေါ် စတဲ့ သူတွေနဲ့ ပိုပြီး တူနေတတ်တယ်လို့ သိရပါတယ်။
မိန်းကလေးတွေဟာ အဘွားတွေဆီကနေ တိကျတဲ့ ရုပ်ရည်တွေ ဖြစ်တဲ့၊ မျက်လုံးအရောင်၊ မှဲ့၊ အပြုံး၊ လှုပ်ရှားပုံနဲ့ လမ်းလျှောက်ပုံတွေ အထိ တူနေနိုင်တယ်လို့ ဆိုပါတယ်။ လူအားလုံးဟာ ဘိုးဘွားတွေရဲ့ DNA ၂၅ ရာခိုင်နှုန်းကို ရရှိတာဖြစ်ပါတယ်။ ကန်းဘရိတ်ချ် တက္ကသိုလ်က ပြုလုပ်တဲ့ သုသေသနတေအရ ဒီလို DNA အမွေကို ရရှိတဲ့ အတွက် အဘွားဖြစ်သူနဲ့ မြေးတွေအကြား ခိုင်မာတဲ့ ဆက်ဆံရေးတမျိုးရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref. brightside