ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ တရုတ်အမျိုးသမီး တယောက်ဟာ လေဆိပ်က Duty Free ဇုန်မှာ ဈေးဝယ်နေတဲ့ သမီးဖြစ်သူကို စောင့်ဖို့အတွက် လေယာဉ်ချိန်ကို နှောင့်နှေးအောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ ဒီလို နှောင့်နှေးမှုဟာ မေလ ၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းကို ပျံသန်းမယ့် လေယာဉ်ဟာ လေယာဉ်ထွက်ခွာချိန်ထက် မိနစ် ၃၀ နောက်ကျခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ အခြားခရီးသည်တွေ လေယာဉ်ပေါ်တက်လို့ မရအောင် လမ်းမှာ လှဲအိပ်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ခရီးသည် ၁၆၀ ကျော်ဟာ သူမကို ဖြတ်ကျော်လို့ မရတဲ့အတွက် စောင့်စားခဲ့ရတယ်လို့ လေယာဉ်မယ်တဦးက ပြောပါတယ်။ ဈေးဝယ်ထွက်နေတဲ့ သမီးဖြစ်သူနဲ့ လမ်းမှာ လှဲနေတဲ့ အမျိုးသမီးတို့ကို အခြားလေယာဉ်မှာ ပြောင်းစီးဖို့ စီစဉ်ပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒီလို စောင့်စားနေရတဲ့ ဗီဒီယိုဖိုင်ဟာ တရုတ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူတွေက ပြင်းပြင်းထန်ထန် ရှုံ့ချဝေဖန်တာမျိုးတွေ ပြုလုပ်ခဲ့ကြပါတယ်။ တချို့လူတွေကတော့ အဲဒီအမျိုးသမီးကို လူမှုအဖွဲ့အစည်းက ဝိုင်းပြီး ကျဉ်ထားဖို့ တိုက်တွန်းတာမျိုးတွေ ပြုလုပ်ခဲ့ပါသေးတယ်။
တရုတ်နိုင်ငံသားတွေဟာ လေဆိပ်တွေမှာ အခုလို ဆိုးဝါးတဲ့ အပြုအမူတွေကို မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြဿနာတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
Ref. Bangkok Post
You may also like these stories:
ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်
ကမ္ဘာကျော်တွေရဲ့ ထူးထူးခြားခြား ဝိတ်ချနည်းများ
သင့်စကားကို သင့်ကလေး အမြဲနားထောင်အောင် ဘာတွေလုပ်သင့်လဲ
ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်