မလေးရှားနိုင်ငံက Travel Blogger ဖြစ်တဲ့ Venus Gwc က ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်ရင်းနဲ့ ရိုက်ကူးလာခဲ့တဲ့ ဗီဒီယိုတခုကို အင်တာနက် အသုံးပြုသူတိုင်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ အဲဒီ ဗီဒီယိုမှာ ကမ္ဘောဒီးယားနိုင်ငံက ဘာသာစကား ၁၅ မျိုးနဲ့ ဈေးရောင်းနိုင်တဲ့ ဈေးသည်လေးကို အားလုံးမှတ်မိဦးမယ် ထင်ပါတယ်။
ဒီဗီဒီယိုဟာ Facebook မှာ မျှဝေသူ ၃ သောင်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်ရဲ့ ကောင်းကျိုးကြောင့်ပဲ အဲဒီဈေးသည်လေးဟာ အခုဆိုရင် ကျောင်းတက်ရတော့မှာ ဖြစ်ပါတယ်။
မေလ ၁၂ရက်နေ့မှာ ကမ္ဘောဒီးယားစီးပွားရေး လုပ်ငန်းရှင်တဦးက အဲဒီဈေးသည်လေးကို တရုတ်နိုင်ငံမှာ ကျောင်းထားပေးမှာ ဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ဈေးသည်လေးအပေါ်မှာ မျှော်လင့်ချက်ရှိပြီး တောက်ပတဲ့ အနာဂတ်ကို ပုံဖော်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
အသက် ၁၄ နှစ်အရွယ်၊ Thuch Salik လို့ အမည်ရတဲ့ အဲဒီဈေးသည်လေးဟာ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝတ် ဘုရားကျောင်းမှာ ဈေးရောင်းနေသူဖြစ်ပြီး တရုတ်စကားပြောရတာကို အနှစ်သက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၃ ရက်နေ့မှာ တရုတ်ပြည်ကို စာသင်ဖို့ စတင်သွားရောက်ခဲ့ပြီး ကျောင်းအသစ်က ဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။
ဈေးသည်လေး ဖြစ်ခဲ့တဲ့ Thuch Salik ကတော့ ဧည့်လမ်းညွှန်တယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ ရိုးရာကို ကမ္ဘာက သိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Ref. Says.com
You May Also Like These Stories: